Wednesday, January 2, 2013

လျှပ်စစ်တာဝါတိုင်အား ကေအိုင်အေမှမိုင်းခွဲ


လျှပ်စစ်တာဝါတိုင်အား ကေအိုင်အေမှမိုင်းခွဲ  



ဝိုင်းမော် ဇန်န၀ါရီလ ၃ရက်
       ချီဖွေရေအားလျှပ်စစ်စက်ရုံမှ ၀ိုင်းမော်မြို့နယ် မိုင်းနားရွာအနီးရှိ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်း ထားသည့် ပင်မလျှပ်စစ်တာဝါတိုင်အား ကေအိုင်အေမှ ဒီဇင်ဘာ ၃၀ ရက်ည ၁၀ခွဲလောက်မှ ကချင်ပြည်နယ် အတွက် နှစ်သစ်လက်ဆောင်အဖြစ် မိုင်းဖောက်ခွဲခဲ့ပါသည်။ ၀ိုင်းမော်မြို့ မန်ဝိန်းကြီးရွာ နားမှ လျှပ်စစ် တာဝါတိုင်းအား ကေအိုင်အေမှ မိုင်း ၃လုံးဖြင့် ဖောက်ခွဲခဲ့တာကြောင့် တာဝါတိုင်မှာ ပျက်စီး သွားခဲ့ပြီး လျှပ်စစ် ဖြန့်ဝေမှု ရပ်တန့်ထားခဲ့ရပါသည်။

Tuesday, December 18, 2012

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်


ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်  PDF Print
Tuesday, 18 December 2012 15:00
AddThis Social Bookmark Button
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

Sunday, December 16, 2012

၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား



၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား  
PDF
Print
Sunday, 16 December 2012 18:31
AddThis Social Bookmark Button

၂၀၁၃ခုနှစ်၊ နွေရာသီတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။ 1610
၂၀၁၃ခုနှစ် နွေရာသီတွင် ယခင်နှစ်ကထက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၃၀ ပိုမိုထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်၊ နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အားလုံး ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါသဖြင့် အနည်းအကျဉ်း ဓာတ်အားပြတ်တောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Tuesday, December 11, 2012

မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်…. (မြ၀တီ)


မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်…. (မြ၀တီ) 


Moe MaKa News, 11 December 2012  —-  ထိုင်းနိုင်ငံ တဖက်ကမ်း မြ၀တီမြို့ဟာ ကုန်စည်တွေကို  မြန်မာနိုင်ငံအတွင်းပိုင်းအထိ ၂၄ နာရီအတွင်း သယ်ယူ ပို့ဆောင်နိုင်တာမို့ စည်ကားတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ အဖွဲ့အစည်း အသင်းအဖွဲ့ ပေါင်းစုံ ရှိသလို လူမျိုးစုံ လူပေါင်းစုံတဲ့ မြို့လည်း ဖြစ်ပါတယ်။ 

ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာ လုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်


ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာ လုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် 

ကျေးလက်တွေမှာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးကို အသုံးပြုမှုများလာကြသည်။ (mandalaygazette.com)
ရန်ကုန် (မဇ္ဈိမ) . ၁၁ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —   ပြည်နယ်၊ တိုင်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့်  စံပြအိမ်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နိုင်ငံသား လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါ ခေါ် ယူကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ တင်ဒါခေါ်ယူရေးအဖွဲ့က ဆိုသည်။