Thursday, July 12, 2012

ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား

ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား:


    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်ရပ်ကွက် ပြည်ထောင်စုလမ်းမတလျောက် လမ်းမီးတိုင်များနှင့် လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြားအလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခနှင့် မီတာစောင့်ရှောက်ခ ကိုမူ ဒေသခံများပုံမှန်ပေးနေရကြောင်း ရှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။`` လျှပ်စစ်ဌာနလည်း အကျင့်မကောင်းဘူး၊ လမ်းမီးတောင်နေ့တိုင်း မဖွင့်ပေးဘဲ လမ်းမီးခ တစ်လ ၁၀၀ တော့ ကောက်တယ်၊ ခုဆိုရင် တစ်ညခြားတောင်မကတော့ဘူး၊ မီးမလင်းတာ ၂ ညတောင်ရှိပြီ၊ ပြီးရင်အလှည့်ကျလင်းတာ၊ ၅ တိုင်လင်း ၅ တိုင်ပျက်ဘဲ၊   ပေါက်တိုက် ရပ်ကွက်ထဲမှာ မီးတိုင် ၂၀ တောင်မရှိဘူး၊ အပေါ်ပိုင်းလင်းတဲ့ညဆို အောက်ပိုင်းက မလင်းဘူး၊ လမ်းမီးက မာကျူရီ၊ မီးချောင်းကြီးတောင်မဟုတ်ဘူး၊ မီးချောင်းကွေးလေးဘဲတပ်ထားပေးတယ် ´´ ဟုနမ့်ခမ်းဒေသခံ စိုင်းလ ကပြောသည်။


          ပေါက်တိုက်ရပ်ကွက်မှ ဟိုကတ်ရပ်ကွက်အထိ လမ်းမီးတိုင်မှ မာကျူရီမီးလုံး ၁၀ လုံးခန့်သာရှိပြီး ညနေ ၆ နာရီ မှ ည ၈ နာရီထိသာ မီးထွန်းပေးသည်ဟု ၎င်းကပြောသည်။ နမ့်ခမ်းမြို့ပေါက်တိုက် ရပ်ကွက်သည် အိမ်ခြေ ၃၅၀ ၀န်းကျင်ရှိပြီး လျှပ်စစ်ဓာတ်အားသွယ်တန်းအသုံးပြုနိုင်သော အိမ်ခြေမှာ ၃၃၀ ခန့်သာရှိသည်။ မီတာ ၁ လုံး လျင် မီတာစောင့်ရှောက်ခ ၁၀၀၀ ကျပ်နှင့် လမ်းမီးခတစ်လလျင် ၁၀၀ ကျပ်ပေးဆောင်နေရသည်။ မြန်မာ အစိုးရပိုင် ရွှေလီ မန့်တပ်ရေအားလျှပ်စစ်မှာမူ ပုံမှန်လည်ပတ်နေ   သော်လည်း ဆိုင်သုံးလျှပ်စစ်မီးခ တစ်ယူနစ် လျင် ၇၀ နှင့် အိမ်သုံးမီးခ တစ်ယူနစ် ၃၅ ဟူ၍ ထပ်မံခွဲခြားကောက်ခံနေကြောင်း မြို့ပေါ်ရပ်ကွက်နေ ဆိုင်းလိုင်းဆိုဌ်က ပြောသည်။ ဆန်ထွန်းကုန်းဆာမီး (တရုတ်မီး) သုံးသည့် နမ့်ခမ်းမြို့ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော ကွန်လုံ၊ နောင်ကောင်၊ နောင်မ၊ မန့်ဟောင်း၊ ဟိုဆိုင်း၊ မန့်နောင်၊ ဂျေဟိုင်း၊ ကုန်းဆာ၊ မန့်ကန်၊ ကောင်းဝိန်း၊ နောင်ခန်၊ နမ့်တီး၊ နမ့်မ၊ ငွမ်အင်၊ ဟိုပုံ၊ မန့်ခမ်း၊ ရပ်ကွက်များလည်း မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ကို လစဉ် ပုံမှန်ပေးနေရကြောင်း၊ ရွှေလီရေအားလျှပ်စစ်မှ မီးသုံးလိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မီးကိုသွယ်တန်း ရမည်ဟု လျှပ်စစ်ဌာနကပြော ကြောင်း ဒေသခံများကပြောပြသည်ဟုလည်း နမ့်ခမ်းမြို့ခံ နန်းအေး ကလည်း ပြောပြသည်။
       `` ကိုယ့်ကိုယ်မီးသွယ်ဆို ထရန်စမော်မာလိုတယ်လေ၊ အဲဒီအတွက် ကျပ်သိန်း ၃၀၀ လောက်ကုန်မှာ၊ နမ့်တီးရွာ နားက တောရကျောင်းလေ၊ အခုအစိုးရမီးသွယ်နေတယ်၊ တရုတ်မီးလိုချင်ရင်တော့ အိမ်တိုင်ရာ ရောက်လာတပ်ပေးတယ်၊ နောက်တစ်ခုတောင်ကြောပိုင်းမှာနေတဲ့သူတွေကြတော့ တောရဆရာတော် ဦးသူရိယ မီးသုံးတယ်၊ မီးအားမမှန်ဘူး၊ တက်လိုက်ကျလိုက်နဲ့၊ အဲလိုမျိုးပေါ့၊ ကျနော်တို့ နမ့်ခမ်းဒေသခံတွေ မီးသုံးရတာ အဆင်မပြေဘူးဖြစ်နေတယ် ´´ ဟု စိုင်းလှကဆက်ပြောပြသည်။ ယနေ့ခေတ် သူခိုးဓားပြပေါများနေသဖြင့် မိဘ ပြည်သူများ၏ အိုးအိမ်အသက်လုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်မီး ပုံမှန်ပြန်ရရန် နမ့်ခမ်းဒေသခံများ လိုအပ် နေကြောင်း နန်းအေးက ဆက်လက်ပြောပြသည်။   ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား တရုတ်က နည်းပညာနှင့် ငွေအရင်းအနှီးစိုက်ထုတ်၏။ ထွက်ရှိသည့်အကျိုးအမြတ် မြန်မာအစိုးရနှင့် ထက်ဝက်စီခွဲယူ ကြရန် သဘောတူညီထားကြ၏။ နမ့်ခမ်းမြို့နယ် မန့်တပ်ကျေးရွာအနီး ၂၀၁၂ ၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည် အတွင်းပိုင်းနှင့် တရုတ်နိုင်ငံအတွင်းသို့  ၂၃၀ နှင့် ၂၂၀ ဗို့ ကြိုးလိုင်း များဖြင့် သွယ်တန်းပို့ဆောင်နေသော်လည်း ဒေသခံများမှာ လျှပ်စစ်မီးအခက်အခဲကြုံတွေ့ နေရဆဲ ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် >>

Monday, July 9, 2012

ချင်းပြည်နယ်တွင် လျှပ်စစ်မီးပုံမှန်ရရှိရန် သမ္မတထံ လက်မှတ်ထိုး ပေးပို့ ခဲ့


ချင်းပြည်နယ်တွင် လျှပ်စစ်မီးပုံမှန်ရရှိရန် သမ္မတထံ လက်မှတ်ထိုး ပေးပို့ ခဲ့:
မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ပေါ် မြို့ မိမြို့ ဖ များ က လျှပ်စစ်မီး ပုံမှန်ရရှိနိုင်ရန်လူထု လက်မှတ်ရေး ထိုးပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ (၃)ရက်နေ့  က ပေး ပို့  ခဲ့ကြောင်း သိရသည်။

Matupi-1
“လက်မှတ်ထိုးတဲ့နေရာမှာ လူထုဘယ်လောက်ပါဝင်တယ်ဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီစာ ကိုပြည်နယ် အစိုးရ၊ သက်ဆိုင်ရာခရိုင်ရုံးနှင့် နိုင်ငံတော်သမ္မတထံ လိပ်မူပြီးပေးပို့ တယ်လို့ ပြော ကြတယ်” ဟု ပခုက္ကူမြို့  ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မီတီအတွင်းရေးမှူး ဆလိုင်း ဘီဇကျိုး က ဆိုသည်။

မတူပီမြို့ ပေါ်တွင် ရပ်ကွက် (၄)ခုရှိသည့်အနက် ရပ်ကွက် (၃) ဖြစ်ကြသည့် ငလား၊ လောင်ဗန်း၊ ခွါဘွေ ရပ်ကွက် ရှိ မြို့ မိမြို့ ဖများက လျှပ်စစ်မီးပုံမှန်ရရှိနိုင်ရေးအတွက် လက်မှတ်ရေးထိုးကြပြီး ယခု ကဲ့သို့  သမ္မတထံ ပေးပို့ ခြင်းဖြစ်ကြောင်း သိရသည်။

မတူပီမြို့ ပေါ်ရှိ ရပ်ကွက် ၃ ခုတို့ သည် ၄ ရက်အတွင်း တစ်ရက်သာ မီးရရှိနေကြကြောင်း၊ ၄င်းတို့  ပြသနာကို အစိုးရသစ်မှ ဖြေရှင်းပေးရန် ရည်ရွယ်ကာ ယခုကဲ့သို့  လက်မှတ်ထိုးပြီး သမ္မတထံ ပေးပို့ ခြင်းဖြစ်ကြောင်း သိရသည်။

မီးပုံမှန်မရရှိသည့်အတွက် မြို့ ပေါ်လူထုအခက်တွေ့ နေရသည့်အပေါ် ဆလိုင်း ဘီဇကျိုးက  ” အင်တာနက် ဆိုင်တို့ လို လုပ်ငန်းတွေ အလုပ် ပျက်ရတယ်၊ အခု ကိစ္စလည်း နွေရာသီမှာဆို ကိစ္စ သိပ်မရှိဘူး၊ ရေကြီးနေတဲ့ မိုးရာသီမှာ အဲလို ဖြစ်နေတာကို မကျေနပ်ကြတာလို့  ပြောကြတယ်” ဟုဆိုသည်။

သူကဆက်လက်ပြီး” ကျတော်တော့ ဒီလိုလုပ်တာ ကြိုက်တယ်၊ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပိုင်ခွင့်ရှိတာကို ပြသတာပါပဲ. နိုင်ငံ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောင်းလဲနေတာ အောက်ခြေ ၀န်ထမ်းတွေက မပြောင်းလဲချင်တော့ အဲလိုဘဲ အထက်ကို တိုင်ရတာ” ဟုဆိုသည်။

ထိုအပြင် ဆလိုင်း ဘီဇကျိုးက လူထုက ယခုကဲ့သို့  ပြုလုပ်သည့်အပေါ် ထောက်ခံကြောင်း၊ လူထုအနေဖြင့်  မကြောက်မရွံ့ ဘဲ ဆက်လုပ်စေလိုကြောင်း၊ မိမိတို့  လိုအပ်သည့်ကိစ္စ ကို နိုင်ငံတော် လူကြီးတွေဆီ တင်ပြခြင်းသည် ကြောက်စရာမရှိကြောင်း တိုက်တွန်း ပြောကြား ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက မတူပီမြို့ ပေါ်အာဏာပိုင်များထံ အချက်အလက် အသေးစိတ် တောင်းခံ လျက်ရှိကြောင်း၊ မည်သို့ မည်ပုံတောင်းခံသည်ကိုမူ မသိရသေးကြောင်း မတူပီမြို့ ပေါ်ရှိ ဒေသခံတစ်ဦးက ဆိုသည်။

မတူပီမြို့ ပေါ်တွင် စကိုဒါအင်ဂျင် ကီလိုဝပ် ၂၅၊ မတူပီအရှေ့ ဘက် ကီလိုဝပ် ၁၀၀ ရှိသည့် နမ်လောင် ရေအားလျှပ်စစ်နှင့် ကီလိုဝပ် ၁၁၀၀၀ ရှိသည့် ဘုံတလာရေအားလျှပ်စစ်ဓါတ်အား များကို အသုံးပြုခဲ့သည်။ သို့ သော် စကိုဒါအင်ဂျင် သည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကစပြီး စက်ပိုင်းဆိုင်ရာ ချို့ ယွင်းခြင်းကြောင့် ယခုထိအသုံးမပြုနိုင်သေးကြောင်း သိရသည်။

ကီလိုဝပ် ၁၁၀၀၀ ရှိသည့် ဘုံတလာရေးအားလျှပ်စစ်ကို ဖနိုင်ကျေးရွာ၊ ခလရ- ၂၀၄ တပ်ရင်း၊ မတူပီဗျူ ဟာမှူးရုံးစိုက်ရာတပ် စခန်း၊ မတူပီစံဘောင်ရပ်ကွက်နှင့် ခလရ- ၃၀၄ တပ် စခန်းတို့  တွင် ၂၄ နာရီလျှပ်စစ်မီး ရရှိကြပြီး ကျန်သည့် ရပ်ကွက် (၃)ခုတွင် (၄)ရက်တစ်ကြိမ်သာ လျှစ်စစ် မီး ရရှိကြသောကြောင့် မီးပုံမှန်ရရှိနိုင် ရေးအတွက် လက်မှတ်ရေးထိုးကာ သမ္မတထံပေး ပို့  ခြင်းဖြစ်ကြောင်း သိရသည်။

ပင်မဓာတ်အားပေးစက်ရုံအတွင်းရှိ အိမ်ယာများကို လူတစ်စုက ဖျက်ဆီး



ဇူလိုင် ၀၉ရက်
          ၀၇ရက်နေ့ ညနေ ၅နာရီလောက်တုန်းက ၀ိုင်းမော်မြို့နယ် မိုင်းနားရွာ အနီးတွင် တည်ဆောက်နေသော ပင်မဓာတ်အားခွဲ ရုံးဝင်းအတွင်မှာရှိတဲ့ ၀န်ထမ်ူတေ။ါနေဖို့ဆောက်လုပ်နေတဲ့ အိမ်ယာများမှ မှန်များကို အမည်မသိတဲ့ အဖွဲ့တစ်ဖွဲ့မှလောက်ရောက်ထုခွဲ ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါ တယ်။ 

          အခုလို အစိုးရတပ်နဲ့ KIA တို့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ရွာတွေမှာ လုံခြုံမှုမရှိဘဲ ခိုးဆိုး လုယက်မှုတွေတော်တော်များများဖြစ်နေပါတယ်။ အခုလိုလုပ်တာဟာ ရွာတွေကို လျှပ်စစ်မီးပေးတဲ့ စက်ရုံ ကိုသွားရောက် ဖျက်ဆီးတယ်ဆိုတော့မကောင်းပါဘူး။ အရင်ကဆိုရင် အေးအေးချမ်းချမ်းရှိခဲ့ပေမယ့် အခုလို ဒေသခံတွေရဲ့ လုံခြုံရေးကို  ကချင်ပြည်နယ်ကိုကာကွယ်ပေးနေတဲ့ KIA အဖွဲ့က လဲ စောင့်ရှောက်   ပေးခြင်းမရှိဘဲ နဲ့ အခွန်ကောက်ဖို့ လူသစ်စုဖို့ မိုင်းဖို့လောက်ဘဲသိနေတဲ့ ဖြစ်နေတဲ့အတွက် မိုင်းနားမြို့က လူတွေက KIA အပေါ် အမြင်မကြည်လင်ဘဲဖြစ်နေကြတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။