Sunday, November 11, 2012

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး လှူဒါန်း၊ ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း နွေရာသီအမီ တည်ဆောက်သွားမည်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး လှူဒါန်း၊ ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း နွေရာသီအမီ တည်ဆောက်သွားမည် 

From : မြ၀တီ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံအစိုးရ စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး Mr. Arak Chonlatanon ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်က လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr.Wichianchot Sukchotrat နှင့်တွေ့ ဆုံ၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းလှူဒါန်း မည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး မြန်မာနိုင်ငံ ရန်ကုန် မြို့သို့ ပြောင်းရွှေ့ တပ်ဆင်နိုင်ရေး ကိစ္စရပ် များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။