Tuesday, October 23, 2012

အကျင့်ပျက်ပုဂ္ဂိုလ်တွေကို စီစစ်ဖယ်ရှားပြီး REFORM ကိုပြတ်ပြတ်သားသားလုပ်သင့်။


အကျင့်ပျက်ပုဂ္ဂိုလ်တွေကို စီစစ်ဖယ်ရှားပြီး REFORM ကိုပြတ်ပြတ်သားသားလုပ်သင့်။
- မောင်လူမှန်
-၂၀.၁၀.၂၀၁၂


လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပါတ်သက်ပြီး နိုင်ငံသားဝန်ထမ်းတစ်ဦး အနေဖြင့်သိမြင်သမျှကို သုံးသပ်တင်ပြ လိုပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနရဲ့ဦးခေါင်းဖြစ်တဲ့ ဦးဇော်မင်း ကိုဖယ်ရှားပြောင်းလဲ လိုက်သော်လည်း ဌာနအတွင်းမှာ ယိုယွင်းခြစားနေတဲ့ အနေအ ထားတွေဟာ ယခင်အတိုင်း မပြောင်းမလဲ ကျန်ရှိနေဆဲ မို့ မြန်မာနိုင်ငံ ရဲ့လျှပ်စစ်ကဏ္ဏဟာ ပြောင်းလဲတိုးတက်ဘို့ မျှော်လင့်ချက် နည်းနေ ဆဲပါ။


ဌာနတွင်းမှာ ယခင်အုပ်စုဖွဲ့မင်းမူ၊ရာထူးနေရာယူ၊ အဂတိကျူးလွန်မှုတွေဟာမပြောင်းလဲဘဲရှိနေဆဲပါ။
ဝန်ထမ်းချင်းတူပေမယ့် တပ်ကလာတဲ့ဝန်ထမ်းနဲ့ အရပ်ဘက်ဝန်ထမ်း ခံစားခွင့်ချင်းခြားနားဆဲပါ။
၂သီး စား၊၃သီးစားတွေနဲ့မညီမျှမှုတွေရှိနေဆဲပါ။


နာမည်ကြီးစီမံကိန်းတွေက အလွဲသုံးစားမှုတွေဟာလည်းရာထူးအဆင့်ဆင့်မှာရှိနေဆဲပါ။
ဓါတ်အားပေးစက်ရုံကြီးတွေက ကုန်ကြမ်းတွေ၊ ဘေးထွက်ပစ္စည်းတွေဘီလျှံနဲ့ချီပြီးလေလွင့်ဆုံးရှုံးမှု၊ မသမာမှုတွေလည်းရှိနေဆဲပါ။
ဝန်ထမ်းသက်သာအမည်ခံပြီး ဌာနလုပ်ငန်းအပ်နှံအသုံးစရိတ်များမှ အလှူငွေနဲ့ကော်မရှင် အဆင့်ဆင့် ဖြတ်တောက် ခြစားမှုတွေလည်း မပျောက်သေးပါ။
ယခင်ဝန်ကြီးဟောင်းဦးဇော်မင်းရဲ့ မတန်မရာ ရာထူးတွေသိမ်းပိုက်ထားတဲ့တပည့်များကလည်း Carry လုပ် ဆက်လက်မင်းမုစိုးမိုးဆဲဖြစ်ပြီး၊ လက်ချိုးရေလို့ရတဲ့ ယခင်စီးပွားရေးသမားများနဲ့ လက်ဝါးချင်း ရိုက် ဖေါက်ပြန်ဆဲပါ။
လက်အောက်ဝန်ထမ်းများအပေါ် ယခင်ကအတိုင်း အဆင့်အတန်းခွဲခြား ဖိနှိပ်ဆက်ဆံဆဲပါ။
နိုင်ငံခြားစေလွှတ်ရာမှာလည်း ဒီအုပ်စုရဲ့ ဒီဆရာတွေ နဲ့ဒီတပည့်တွေ ဘဲအကြိမ်ကြိမ် သွား၊ ကုမ္ပဏီ တွေဆီကစပွန်ဆာအကြိမ်ကြိမ် အလှူခံပြီး အခွင့်အရေးတွေ လွန်လွန်ကဲကဲ ယူနေကြဆဲပါ။
INTAKE တူ၊ ဆရာတူ၊ တာဝန်ထမ်းဆောင်ဘူးတဲ့တပ်အမှတ်ချင်း တူတွေနဲ့ အကိုကြီး၊ ညီလေး၊ လေးစားပါတယ် တွေနဲ့ ရာထူးတွေ၊ အခွင့်အရေးတွေ သိမ်းပိုက် အဂတိလိုက်ကြဆဲပါ။
အသက်ပြည့်ပြီးဖြစ်သော်လည်း ပညာရှင်မဟုတ်၊ဘာမှမဟုတ်တဲ့ လူပိုလူလျှံ အခွင့်အရေး သမားများ ကိုလည်း အကြံပေးပုဂ္ဂိုလ် ခေါင်းစဉ်တတ်၍ နေရာပေးထား တာတွေလည်း မပျောက်ပျက်သေးပါ။
ဝန်ကြီးဌာနအတွင်းမှာ မာဖီးယားဂိုဏ်းကြီးသဖွယ် ကြီးစိုး မင်းမူနေပြီး မည်သူမျှနှိမ်နင်း နိုင်ခြင်း မရှိသေး ပါ။
တကယ်တော့ဒီဝန်ကြီးဌာနအတွင်းမှာ သမ္မတကြီးဖြစ်စေချင်တဲ့ရည်ရွယ်ချက်အတိုင်း GOOD GOVERNANCE & CLEAN GOVERNMENT ဖြစ်ဖို့ဆိုလျှင်တော့ မသမာမှုတွေအားလုံးဖေါ်ထုတ်၊ဖြုတ် သင့်ရင်ဖြုတ်ပြီး ဖယ်ရှားရှင်းလင်းပစ်သင့်တာပါ။




ဒီလိုအကျင့်ပျက်ပုဂ္ဂိုလ်တွေကို စီစစ်ဖယ်ရှားပြီး REFORM ကိုပြတ်ပြတ်သားသားလုပ်သင့်နေတာပါ။
အပိုအလျှံအကျင့်ပျက်ဝန်ထမ်းတွေ၊အခွင့်အရေးသမား ငခုံးမ တွေကိုဖယ်ရှားလျှော့ချပစ်တာဟာ တိုင်းပြည် အတွက်နစ်နာ စရာမဟုတ်ဘဲ၊ တိုင်းပြည်ဘတ်ဂျက်များစွာ သက်သာစေပြီး ဝန်ထမ်းလောက ပိုမိုသန့်ရှင်း ကောင်းမွန် လာစေမှာ အမှန်ပါ။
တိုင်းပြည်ရဲ့လျှပ်စစ်ကဏ္ဏ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် အဓိကစီမံဆောင်ရွက်နေကြတဲ့ ဝန်ထမ်း တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့၊ ပြည်သူအပေါ်စေတနာထား တတ်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြဘို့ များစွာ အရေးကြီးပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်သာမက အခြားဝန်ကြီးဌာနများတွင်လည်း စီစစ်သန့်စင်ရှင်း လင်းပစ် ဘို့လိုအပ်ပါတယ်။
ဒါမှသာဒီမိုကရေစီအစိုးရ ယန္တရားကြီး အထစ်အငေါ့ အတားအဆီးမရှိ ချောမွေ့စွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီးအား ဝန်ကြီးဌာနများအတွင်း ထဲထဲဝင်ဝင် ထိုးဖေါက်၍ စစ်မှန်ထိရောက်သော REFORM အားဦးစားပေး လုပ်ဆောင် သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါ သည်။




လျှပ်စစ်စွမ်းအားအရာရှိတစ်ဦး
VIA: ACG

No comments:

Post a Comment