၂၀၁၃ခုနှစ်၊
နွေရာသီတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း
လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏
သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ
ဦးအောင်ခိုင်က ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ် နွေရာသီတွင် ယခင်နှစ်ကထက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၃၀
ပိုမိုထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့်
ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်၊ နွေရာသီ
လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အားလုံး ကို ပြည့်မီစွာ
ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါသဖြင့် အနည်းအကျဉ်း ဓာတ်အားပြတ်တောက်မှု
ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
|