Sunday, September 30, 2012

တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ


တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ   PDF Print
Written by ဇော်ဇော်အောင်   
Sunday, 30 September 2012 11:39
AddThis Social Bookmark Button
စက်တင်ဘာလ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုပြုလုပ်နေသူများ ဆန္ဒဖော်ထုတ်နေသည်ကို လှိုင်မြို့နယ်ကန်လမ်းတွင် တွေ့ရစဉ်
၁။ ဒီမိုကရေစီကို ရွာကလူတွေ သိအောင် လုပ်ပေးကြပါလို့ . . . ဆောင်းပါးတွေ လေးငါးစောင်မက ကျွန်တော်ရေးခဲ့ပါတယ်။ သဘောကတော့ သာမန်လူတွေ နားလည်အောင် ရေးကြသားကြပြီးတော့ ဒီမိုကရေစီ အကြောင်း ဖြန့်ဖြူးဝေငှကြပါလို့ ဆိုလိုတာပါ။ ရွာကလူတွေလို့ ပြောလိုက်တော့ မြို့ကလူတွေကောလို့ မေးစရာရှိပါတယ်။ မြို့ကလူတွေလည်း သိပ်မသိကြသေးတာ သေချာပါတယ်။ နှစ်ပေါင်းငါးဆယ်လောက် စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေအောက်မှာ ပြားပြားမှောက်နေခဲ့ရတော့ အတွေးအမြင် ဆင်ခြင်မှုတွေ အမှောင်ကျခဲ့ရတယ်။ ဒါ့ကြောင့် မြို့ကလူတွေလည်း သိပ်မသိကြသေးဘူးလို့ ပြောခဲ့တာပါ။ ကောင်းပါပြီ၊ဒီလိုဆိုတော့ ဒီအကြောင်းတွေကိုပြောနေတဲ့ ခင်ဗျားကော ဘယ်လောက်သိသလဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်လည်း သိပ်မသိသေးပါဘူးလို့ မကွယ်မ၀ှက် ဖြေရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ပြောရရင် ကျွန်တော် ၁၅ နှစ်သား မုံရွာတန်း မြင့်ကျောင်း (အခုအမှတ်တစ်) န၀မတန်းမှာကတည်းက အလံနီပါတီကလာပ်စည်းဝင် ဖြစ်ခဲ့တယ်။ 
ကျွန်တော် နိုင်ငံရေးဥပဇ္ဈာယ်ဆရာက "ဘုန်းကြီးကန်ထွန်းကြည်"လို့ ခေါ်ကြတဲ့ လေဖြတ်လို့ ကိုယ်တစ်ပိုင်းသေနေတဲ့ "ကိုထွန်းကြည်" ဖြစ်ပါတယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံးဆရာပါ။ ဒီ နောက် မန္တလေးတက္ကသိုလ်ရောက်တော့ ကလာပ်စည်းအတွင်း မာ့က္စ၀ါ ဒသင်တန်းကို ပို့ချပေးသူက "ကိုဝင်းမောင်သန်း" ဖြစ်ပါတယ်။ ယောင်ဝါးဝါးပါပဲ။ ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ ရွှေဘိုဆောင်မှာနေရတယ်၊ အဲဒီက "တွံတေးတောကြီးတန်း"မှာရှိတဲ့ အလံနီအောက်ဗမာ ပြည်ဌာနချုပ်ကို သင်တန်းသွားတက်ရတယ်၊ ပို့ပေးတဲ့လူက "ရခိုင်ကိုထွန်းတင်" ဖြစ်ပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ မောင်မောင်ထွန်း ကလောင်အမည်နဲ့ ကဗျာတွေရေးပါတယ်။ အဲဒီအချိန်အထိ ယောင်ဝါးဝါးပါပဲ။ တောကိုသွားပြီး သင်တန်းတက်စဉ်က ကျွန်တော့အသက် ၂၀ မပြည့်သေးပါဘူး။ ပြောချင်တာက ပါတီတစ်ရပ်အနေနဲ့ ပျောက်ကွယ်သွားပေမယ့် ရှိစဉ်တုန်းကတော့ ဒီလိုအခြေအနေ အခင်းအကျင်းတွေ ရှိခဲ့တယ်။ လေ့ကျင့်သင်ကြားခဲ့ရတယ်ဆိုတာ ပြောချင်တာပါ။ ဒီနေ့လူငယ်တွေအနေနဲ့ ဒီမိုကရေစီအကြောင်း သိအောင်လုပ် ကြစေချင်လို့ပါ။ (ကျွန်တော်ငယ်ငယ်တုန်းက ဒီမိုကရေစီအကြောင်း ဘာမှ မသိခဲ့ရပါ။)
၂။ လက်ထဲမှာ နိုင်ငံရေးစာအုပ်တွေ (မာ့က္စ၀ါဒစာအုပ်တွေ) တကိုင်ကိုင်နဲ့ပါပဲ။ ဘာမှသိပ်မသိသေးတာတော့ ၀န်ခံရမှာပေါ့။ အဲဒီတုန်းက "ကျော်လင်းစာပေ ဖြန့်ချိရေး"ဆိုတာ လက်ဝဲစာပေတွေကို ဘာသာပြန် ထုတ်ဝေပေးနေတဲ့ စာအုပ်တိုက်ရှိခဲ့ တယ်။ ဘယ်သူတွေ ဘာသာပြန်ကြသလဲဆိုတာ မသိပါ။ သမိုင်းမှာ ကျေးဇူးတင်စရာ အကွက်တစ်ကွက်ပါပဲ။ မှတ်မိနေတာ "မာ့က္စ၀ါဒ၏ ရေသောက်မြစ်သုံးသွယ်"ဆိုတဲ့ စာအုပ် ကလေးဖြစ်ပါတယ်။ ရေးသူက Lenin  "လီနင်" (Three main sources and three component parts of  Marxism)။ ဒီစာအုပ်လေး သတိတရပြန် ဖော်နေရတာက ရေးထားတဲ့ အင်္ဂလိပ်စာက လွယ်လို့ပါပဲ။ ဒီနေ့ ဒီမိုကရေစီအကြောင်း ဆောင်းပါးတွေ၊ စာအုပ်စာတမ်းတွေ ရေးနေကြသူတွေ၊ ထုတ်နေကြသူတွေကို ကျေးဇူးတင်စရာပါ။ လွယ်ဖို့လိုတယ်ဆိုတဲ့ အချက်ကို သတိပြုစေချင်တာပါ။ ဒီမိုကရေစီကို ပို့ချပေးနေတဲ့ ပါတီကြီးတစ်ခုရဲ့ သင်တန်းတွေရှိတယ်လို့လည်း ကြားမိပါတယ်။ လေးစားစရာ ကျေးဇူးတင်စရာပါ။ လူငယ်တွေကို နိုင်ငံရေး သင်တန်းတွေ ပို့ချပေးတာကို အားပေးပါတယ်။ လိုအပ်နေလို့ပါ။
၃။ တစ်နေ့ကပဲ လူငယ်လေးတစ်ယောက်နဲ့ ဆုံလို့စကားပြောဖြစ်တယ်၊ မကြာခဏ သူတို့နဲ့ ဆုံဖြစ်ပါတယ်။ စကားပြောရင်းနဲ့ သူက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့ စကားတစ်ခွန်းကို အလေးအနက် ပြောပြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ . . . ပြည်သူ့သဘောဆန္ဒ မပါရှိသော အမိန့်၊ ညွှန်ကြားချက်နဲ့ ဥပဒေများသည် ဒီမိုကရေစီမဟုတ်၊ အာဏာရှင်ဆန်သော စနစ်သို့ ယိမ်းယိုင် သွားနိုင်ကြောင်း ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက မိန့်ကြားခဲ့တယ်။ ကျက်သရေရှိတဲ့ စကားပါပဲ။ လေးစားကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ နိုင်ငံရဲ့ အကြီးအကဲတွေမှာ ဒီလိုအတွေးအခေါ် အယူအဆတွေ ရှိနေတယ် ဆိုတာလည်း ၀မ်းသာစရာ ကောင်းပါတယ်။ ဥပဒေဆိုတာ တရားကိုယ် သဘောအရ လူထုကြီးတစ်ရပ်လုံးရဲ့ လူထုအခွင့်အရေးတွေ (citizen rights) ကို ကာကွယ်ဖြစ်တယ်၊ အနှစ်သာရအားဖြင့်လည်း "တရားဥပဒေ စိုးမိုးရေး (rule of law) ကိစ္စဖြစ်တယ်။ သူရဦးရွှေမန်းပဲပြောခဲ့ တာ ရှိတယ်။"တရားဥပဒေအထက်မှာ ဘယ်သူ့မှမရှိရဘူး" No one is above the law. အပြန်အလှန် အဓိပ္ပာယ်ကောက်ရင် တရားဥပဒေဟာ လူတိုင်းရဲ့အထက်မှာ ရှိတယ် လို့ရတယ်။ ဒါလောက် တန်ခိုးသတ္တိကြီးမားတဲ့ "တရားဥပဒေ" ဟာဘယ်သူ့အတွက် မှမဟုတ်ဘူး။ ပြည်သူလူထုကြီး အတွက်ပဲ ဖြစ်ရမယ်။
၎။ နောက်အလေးအနက် ဆင်ခြင်သင့်တဲ့အချက်က . . . တရားဥပဒေဟာ (သို့မဟုတ်) တရားရုံးတွေဟာ အစိုးရလုပ်ဆောင်ချက်များရဲ့ တရားဝင်မှုကို အာမခံတာဝန်ယူ နိုင်ရမယ်၊ လွယ်အောင်ပြောရရင် အစိုးရ ဘာလုပ်သလဲ၊ အဲဒီလုပ်တဲ့ကိစ္စဟာ လုပ်သင့်သလား၊ တရားဝင်ရဲ့လားဆိုတာကို တရားဥပဒေအဖွဲ့အစည်းတွေ (Legal bodies) တရားရုံးတွေ (courts) က စောင့်ကြည့်ရမယ်၊ ဆုံးဖြတ်ရမယ်၊ အစိုးရလုပ်တာတွေကို တာဝန်လည်းယူရမယ်၊ မ လုပ်သင့်တာတွေ၊ တရားမ၀င်တာတွေကို အစိုးရက လုပ်လာရင်တား မြစ်ရမယ်၊ (- - - to ensure the accountability of government for the legality of its actions) 

လူထုဆန္ဒ(ပြည်သူ့ဆန္ဒ) သဘောထားမပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့ လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေးဆေး တင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက်သဘော တူမျှကြရင် အကျိုးစီးပွား ဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း  . . .
၅။ နောက်ထပ်တစ်ဆက်တည်းမှာပဲ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးသူရ ဦးရွှေမန်းပြောခဲ့တာနဲ့ ဆိုင်ပါတယ်။ ပြည်သူ့သဘော ဆန္ဒမပါတဲ့ အမိန့် ညွှန်ကြားချက်၊ ဥပဒေများဟာ ဒီမိုကရေစီ မဟုတ်ဘူး။ . . . ဆိုတဲ့ အချက်ပါပဲ။ ဖြစ်တတ်တာကလေးတွေ ရှိပါတယ်။ အလွယ်တကူပြောလို့ဆိုလို့ ဆုံးဖြတ်လို့ မရတတ်ဘူး။ အလေးအနက်ဆင်ခြင်ဖို့ လိုအပ်တဲ့ကိစ္စကလေးတွေ ရှိတတ်ပါတယ်။ ဆိုကြပါစို့ . . . စကားပမာအားဖြင့် အကြောင်းကိစ္စ တစ်ခုခု၊ နစ်နာချက် တစ်ခုခုကြောင့် လူထုက ချီတက်ဆန္ဒ ပြကြမယ်ဆိုပါတော့။ အဲဒါကို အစိုးရက လူထုငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လိမ့်မယ်၊ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တယ်၊ ဆူပူမှုတွေ ဖြစ်ပွားနိုင်တယ် . . . ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဆန္ဒပြပွဲကို ပိတ်ပင်တယ်၊ သို့မဟုတ် လျှောက်လွှာတင်ရမယ်ဆိုတဲ့ ကန့်သတ်မိန့်ကို ထုတ်ပြန်တယ်။ ရိုးရိုးကလေး စဉ်းစားကြည့်လူထုက ချီတက်ဆန္ဒပြချင်တယ်။ အစိုးရက ခွင့်မပြုဘူး။ အကြောင်း ပြချက်က ငြိမ်ဝပ်ပိပြားရေး ထိခိုက်မှာ စိုးလို့ . . .။ လူထုက ဆူပူချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်ချင်တာ၊ အဲဒါကို (တရားရုံးကပဲ) ဥပဒေ၊ အမိန့်ကန့်သတ်ချက်တွေနဲ့ တားမြစ်တယ်၊ အဲဒါ လူထုဆန္ဒမပါဘူး။ လူထုသဘောထား မဟုတ်ဘူး။
အေးချမ်းစွာ စုဝေးပိုင်ခွင့် ဆန္ဒပြပိုင်ခွင့်ဟာ လူထုမှာ နဂိုကတည်းကရှိ ပြီးသား၊ လျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းဖို့ မလိုအပ်ပါဘူး။ အဲဒါ အခြေခံ ဒီမိုကရေစီ အခွင့်အရေးပဲ။ တကယ်လို့ အစိုးရဘက်က ပြောသလို စိုးရိမ်သလို ဆူပူမှုဖြစ်လာရင် အရေးယူဖို့ ဥပဒေကလည်း နဂိုကတည်းကရှိပြီးသားပဲ မဟုတ်လား။ အရေးယူစရာရှိရင် အရေးယူပါ။ တရားဥပဒေအတိုင်းပဲပေါ့။ တစ်ဖက်က ပြန်ကြည့်ရင် လူထုကလည်း စည်းကမ်းတကျ အေးအေးချမ်းချမ်း ဆန္ဒပြဖို့ လိုတယ်။ ဆန္ဒပြပွဲကြောင့် မလိုလားအပ်တာတွေ မဖြစ်အောင် လူထုကလည်း ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ Democratic Culture "ဒီမိုကရေစီ ယဉ်ကျေးမှု"ဆိုတာ ရှိတယ်။ 
အစိုးရနဲ့ လူထု ဒီလိုအပြန်အလှန်သဘော ဆန္ဒတူမျှကြရင် အပြန်အလှန်အပေး အယူရှိကြတာမျိုးဟာ . . . "ဒီမိုကရေစီ ယဉ်ကျေးမှု" ပါပဲ။ အဲဒီတော့ စကားစဉ်ကို ပြန်ချုပ်ရင် . . . ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း မိန့်ကြားခဲ့သလို . . . လူထုဆန္ဒ (ပြည်သူ့ဆန္ဒ) သဘောထား မပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေး ဆေးတင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက် သဘောတူမျှကြရင် အကျိုးစီးပွားဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း

Saturday, September 29, 2012

ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀၀ ခန့် ရောင်းချနေရာမှ ၂၀၁၃ ခုနှစ်တွင် ကုဗပေသန်း ၈၀၀ သို့ လျော့ချ၍ ကျန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ကို ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် သုံးစွဲမည်




ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀၀ ခန့် ရောင်းချနေရာမှ ၂၀၁၃ ခုနှစ်တွင် ကုဗပေသန်း ၈၀၀ သို့ လျော့ချ၍ ကျန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ကို ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် သုံးစွဲမည်   PDF  | Print |
AddThis Social Bookmark Button

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ကံပေါက်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်းအား တွေ့ရစဉ်
ဓာတ်ပုံ-စည်သူအောင်
လာမည့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ကို နေ့စဉ် ကုဗပေသန်း ၁၀၀၀ ခန့် ရောင်းချရာမှ ကုဗပေသန်း ၈၀၀ သို့ လျော့ချရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ လ တတိယပတ်အတွင်းပြုလုပ်သည့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ လျော့ချရောင်းချရာမှ ရရှိလာမည့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ကို ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
''ဒီနှစ်မှာထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ နေ့စဉ် ကုဗပေသန်း ၁၀၀၀ ရောင်းတယ်။ ၂၀၁၃ မှာ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ ရောင်းချတာကို သန်း ၈၀၀ ပဲရောင်းမယ်၊၊ ကျွန်တော်တို့ဆီက ထွက်တဲ့ သဘာဝဓာတ်ငွေ့က အကန့်အသတ်လေးတွေ ရှိနေတယ်။ ၂၀၁၃ လောက်ဆိုရင် ကုဗပေသန်း ၂၀၀ လောက်ပိုရဖို့ ရှိတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို အရန်အဖြစ် သိမ်းမထားဘဲ နိုင်ငံဖွံ့ဖြိုးမှုအတွက် ရှာဖွေဖော်ထုတ်သင့်တယ်လို့ ယူပါတယ်။ ရရှိလာတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းလျှပ်စစ်ကဏ္ဍအတွက် သုံးစွဲသွားမှာပါ''ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်ကလည်း ''အရင်သဘာဝဓာတ်ငွေ့ ရောင်းချထားတဲ့ စာချုပ်အဟောင်းတွေကို ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်တွေအရ ပြန်လည်ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။ နောက်တစ်ခု က ပြည်တွင်းလိုအပ်ချက်အရ အစိုးရသစ်လက်ထက် ထပ်မံတွေ့ရှိရသမျှ ရေနံနဲ့ သဘာဝဓာတ်ငွေ့အားလုံးကို ပြည်တွင်းအတွက်ပဲသုံးပြီး ပြည်ပကို ရောင်းချတော့မှာ မဟုတ်ပါဘူး။ ပြည်တွင်းသုံးစွဲလို့ဖူလုံပြီဆိုမှ Value Added တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''မိမိတို့ အစိုးရသစ်လက်ထက်မှာ ထပ်မံတွေ့ရှိသမျှ ရေနံနဲ့ သဘာဝဓာတ်ငွေ့အားလုံး ပြည်တွင်းသုံးကို ဦးစားပေးဖို့ မူဝါဒ ပြုပြင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရသစ်ကာလ ချုပ်ဆိုသော စာချုပ်အားလုံးမှာ ထပ်မံတွေ့ရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေအားလုံးကို ပြည်တွင်းသုံးဦးစားပေးဖို့ မူဝါဒ ပြုပြင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က နိုင်ငံအချင်းချင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်များကိုလည်း လေးစားလိုက်နာရမှာ ဖြစ်တဲ့အတွက် လျော့နည်းနေတဲ့  ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ၀ယ် ယူသူနဲ့ အပြန်အလှန် နားလည်မှု၊ ချစ်ကြည်လေးစားမှုကို အခြေခံပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းခဲ့ရာမှာ စာချုပ်ပါ ရောင်းချရမယ့် ပမာဏ မည်သို့ပင် ရှိစေကာမူ မြန်မာနိုင်ငံ လိုအပ်ချက်အတွက် တိုးမြှင့်ရယူပြီး ၀ယ်ယူသူ နိုင်ငံကလျော့ပေါ့ ရယူရန်တို့ကို လည်း အကြမ်းဖျင်း ညှိနှိုင်းရရှိပြီးဖြစ်ပါတယ်။ ယခင်စာချုပ်ဟောင်းများမှ မြန်မာနိုင်ငံအတွက်မည်၍ မည်မျှတိုးမြှင့်ရယူနိုင်မည်ကို အသေးစိတ် ညှိနှိုင်းပြီးတဲ့အခါ လွှတ်တော်မှတစ်ဆင့် အသိပေးတင်ပြသွားမှာ ဖြစ်ပါတယ်''ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း လျှပ်စစ်မီးသုံးစွဲနိုင်မှု ပမာဏမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် အနည်းဆုံးဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက''မလေးရှားနိုင်ငံ မှာ လူတစ်ဦး လျှပ်စစ်သုံးနိုင်တဲ့ ယူနစ် ၃၆၁၄၊ တရုတ်မှာ ၂၆၁၃၊ ထိုင်းမှာ ၂၀၄၅၊ ဗီယက်နမ်မှာ ၉၂၈၊ အင်ဒိုနီး ရှားမှာ ၅၃၀၊ ကမ္ဘောဒီးယားမှာ ၁၃၁ နဲ့ မြန်မာနိုင်ငံမှာ ၁၀၄ လို့ ဆိုထားပါတယ်။ ခေတ်မီစက်မှုနိုင်ငံကြီး စွမ်းအင်အမျိုးအစားအလိုက် ရုပ်ကြွင်း လောင်စာရေနံသုံးစွဲမှုမှာ အမေရိကန်ပြည်ထောင်စုက တစ်နေ့ကို ရေနံစည်ပေါင်း ၁၈ သန်း ၈ သိန်း ၅ သောင်း၊ တရုတ်က စည်ပေါင်း ၉ သန်း ၇ သိန်း ၅သောင်း ၈ ထောင်၊ ဂျပန်က စည်ပေါင်း ၄ သန်း ၄သိန်း ၁သောင်း ၈ ထောင်နဲ့ ထိုင်းနိုင်ငံက တစ်နေ့ကို ရေနံစည်ပေါင်း ၁ သန်း ၈ သောင်းလောက် သုံးနေချိန်မှာ မြန်မာနိုင်ငံရဲ့ သုံးစွဲမှုက စည်တစ်သိန်း မပြည့်သေးပါဘူး၊၊ ထုတ်လုပ်မှုကလည်း ကုန်းတွင်း၊ ကမ်းလွန် နှစ်ရပ်ပေါင်း တစ်နေ့ စည် နှစ်သောင်းအောက်မှာပဲ ရှိပါတယ်။ ဒါကြောင့်လက်ရှိ ပြည်တွင်းသုံး ရေနံလိုအပ်ချက်ကို ပြည့်မီဖို့နဲ့ စက်မှုနိုင်ငံကြီးများ အသုံးပြုနေတဲ့ နေ့စဉ်ရေနံ စည်ပေါင်းသန်းဂဏန်းနဲ့အထက် တိုးမြှင့်သုံးစွဲနိုင်ဖို့ မြန်မာမြေပေါ်မှာ ရေနံစိမ်းများ ထပ်မံရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့ သည်။

လာမည့် နွေရာသီ တစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် ဆောင်ရွက်သွားမည်




လာမည့် နွေရာသီ တစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် ဆောင်ရွက်သွားမည် 

စုလှိုင်ထွန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
နွေရာသီကာလများတွင် လျှပ်စစ်မီးများ ကို အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဝေပေး နေနိုင်ခဲ့သည့် အခြေအနေမှ လာမည့် နွေရာသီတွင် တစ်နိုင်ငံလုံးတွင် လျှပ်စစ် မီးများ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၂၁ ရက်နေ့က လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနတွင် ကျင်းပသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံဆွေးနွေးပွဲ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၁,၈၈၀ ခန့် လိုအပ် ပြီး ဖြန့်ဖြူးနိုင်သည့် မဂ္ဂါဝပ်မှာ ၁,၅၅၀သာ ပေးဝေနိုင် သေးသည့်အတွက် အလှည့် ကျ မီးပေးစနစ်ကို ကျင့်သုံးနေရခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့နှစ်တွေက နွေဆို တစ်အုပ်စု ပေး၊ တစ်အုပ်စုနားစနစ်နဲ့ မီးပေးခဲ့ရတာ ပါ။ ဒီအတွက် ပြည်သူလူထုကလည်း ကျွန်တော်တို့ကို သံသယ၀င်ခဲ့ပါတယ်" ဟု ဦးခင်မောင်စိုးက ပြောသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ရေတိုစီမံကိန်းအနေဖြင့် ၃၄၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်ငွေ့တာဘိုင် များကို ပြည်ပလေးနိုင်ငံက လာရောက် တည်ဆောက်ကာ လျှစ်စစ်ထုတ်လုပ် သွားမည်ဖြစ်သည်။
အထက်ပါ သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံများကို ရန်ကုန်မြို့ လှော်ကား၊ သာကေတ၊ အလုံနှင့် ရွာမတို့ တွင် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံများက ယခုနှစ်မှစတင်၍ တည် ဆောက်မည်ဖြစ်ကာ ၂၀၁၆ ခုနှစ်အကုန် တွင် အပြီးတပ်ဆင်မည် ဖြစ်သည်။
၂၀၁၂-၁၃ စီမံကိန်းအရလည်း ရန်ကုန် မြို့တွင် လျှပ်စစ်မဂ္ဂါဝပ် ၁၁၀ ကို တိုးချဲ့ဖြန့်ဖြူးလျက်ရှိသည်။
"လာမယ့်နွေရာသီမှာတော့ ဓာတ် အားတွေ မရရအောင် ထုတ်ပေးမှာပါ။ ရန်ကုန်မှာရှိတဲ့ ဂက်စ်တာဘိုင်လေးခုမှာ ပုဂ္ဂလိကကို လုပ်မှာ သာလုပ်ပါ။ ကျန်တာ နောက်မှရှင်းမယ်။ လျှပ်စစ်မီးအတွက် နိုင်ငံတော်ငွေကို မသုံးပါဘူး။ ပုဂ္ဂလိက ဘက်ကပဲ သုံးသွားမယ်။ ဒါကြောင့် ရင်းနှီး မြှုပ်နှံမှုတွေလိုပါတယ်"ဟု ဦးခင်မောင် စိုးက ပြောသည်။
၂၀၁၃ ခုနှစ်နွေရာသီတွင် ရန်ကုန်မြို့ လျှပ်စစ်မဂ္ဂါဝပ် ၁,၀၀၀ ဖြန့်ဖြူးသွားမည် ဖြစ်ရာ မဂ္ဂါဝပ် ၃၀၀ ကို ပုဂ္ဂလိက ဂက်စ် တာဘိုင်များ က ရယူသွားမည်ဖြစ် သည်။
စက်မှုဇုန်များမှာမူ လျှပ်စစ်ဓာတ်အား ကို အလှည့်ကျသာ ရရှိဦးမည်ဖြစ်သည် ဟု သိရသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများမှာ နှစ်စဉ် တိုးတက်လာလျက်ရှိရာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၄,၀၀၀ ရရှိရန်လိုအပ်လျက် ရှိသည်။
လိုအပ်သည့် လျှပ်စစ်ဓာတ်အား များ ရရှိရန်အတွက် နိုင်ငံတကာတွင် သုံးနေသည့် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံများကို မဖြစ်မနေ တည် ဆောက်သွားမည်ဟု သိရသည်။
"၂၀၁၅ ခုနှစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်နိုင်ဖို့အတွက် အခုလုပ်နေတာတွေက အဲဒီအချိန်မှာ မျှရုံပဲရှိမယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင်း ကရင်းနှီးမြှုပ်နှံမှု တွေ အများကြီးလိုပါတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဖိတ်ခေါ်ပါ တယ်" ဟု ဦးမောင်စိုးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အား ရယူသုံးစွဲမှုအများဆုံးသည် ရန်ကုန် မြို့ဖြစ်ကာ သုံးစွဲမှု မဂ္ဂါဝပ် ၈၅၀ ရှိပြီး မန္တလေးမြို့၏ သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၀၀ ဖြစ်သည်။
လွန်ခဲ့သည့်နွေရာသီကာလအတွင်း က လျှပ်စစ်ဓာတ်အားမလုံလောက်မှု ကြောင့် လျှပ်စစ်မီးအလှည့်ကျဖြန့်ဝေမှု ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ မြန်မာ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်ခဲ့သည်။

Wednesday, September 26, 2012

နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင်





နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင် 

၂၂-၉-၂၀၁၂နေ့တွင် တော်ဝင်နှင်း ဆီ၌ ၈၈ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ အသင်းအဖွဲ့ များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဟောပြောပွဲ၌ ပြောကြားခဲ့ သည့်အချက်အလက်များအား တင်ပြ လိုက်သည်။ -နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ ခဏခဏခံနေရတယ်။ နိုင်ငံတော်လုံခြုံေ ရးလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ခံနေရတာပဲ။ နိုင်ငံတော်အကြည်အညို ပျက်စေမှုဆိုရင်လည်း ကျွန်တော်တို့ခံနေ ရတာပဲ။
““ဘယ်သူက နိုင်ငံတော်လို့ပြောနေ တာလဲ။ နိုင်ငံဆိုတော်ဆိုတာဘာလဲ။ အခြေခံအယူအဆတွေ ကွဲလွဲနေတာက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ရှင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဗလုံးပထွေးနဲ့ နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ချည်းပဲ ခံနေရတယ်။ အဲဒါတစ်ခုခုတော့ မှားနေြ့ပီ။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော် ဆိုတာကို ဘာသာရပ်ရှုထောင့်က အရင် ပြောမယ်။နိုင်ငံတော်ရဲ့ ကြန်အင်လက္ခ ဏာဆိုပြီးတော့ (၄)ခုကွဲသွားတယ်။ (၁) နိုင်ငံလို့ပြောရင် နယ်နမိတ်ရှိရမယ်။ ပထ၀ီဝင်နယ်နမိတ် သတ်သတ်မှတ်မှတ် တစ်ခုရှိရမယ်။ (၂) နယ်နမိတ်ထဲမှာနေ တဲ့နိုင်ငံသားတွေ၊ ပြည်သူတွေပါရမယ်။ ပြီးတော့ (၃) အဲဒီနိုင်ငံမှာ အုပ်စိုးနေတဲ့ အစိုးရပါရမယ်။ (၄) အဲဒီနိုင်ငံကနေ ကိုင်တွယ်ကျင့်သုံးနေတဲ့ အချုပ်အခြာ အာဏာဆိုတာ ပါရမယ်။ အဲဒီ (၄)ခု ပေါင်းထားတာကိုမှ လုံခြုံမှုရှိပြီးစစ်မှန်တဲ့ နိုင်ငံတော်လို့သတ်မှတ်တယ်။
ကာလများစွာကျွန်တော်တို့က နိုင်ငံ တော်ဆိုတဲ့ဟာကို ဘယ်လိုမြင်လဲဆို တော့ အစိုးရက သူတို့ကိုယ်သူတို့ နိုင်ငံ တော်လို့သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဟုတ်နိုးနိုးနဲ့ နိုင်ငံ တော်ဆိုလည်း နိုင်ငံတော်ပေါ့ဆိုပြီး နေ လာခဲ့ရတယ်။ ကျွန်တော်တို့ ပြန်ပေးပိုင် ခွင့်မရှိသလို၊ သိခွင့်လည်းမရှိဘူး။ အဲဒီ တော့ လေးလေးနက်နက် ပြန်စဉ်းစား ကြည့်ရင် အစိုးရဆိုတာ နိုင်ငံတော်မှာ အစိတ်အပိုင်း (၄)ခုပေါင်းထားတဲ့အထဲမှာ ကလေးပြောပြောရလျှင် လေးပုံပုံ တစ်ပုံ ပဲရှိတယ်။ သူတို့က အင်္ဂါရပ်တစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ဟာက နိုင်ငံပိုင် ပြုလုပ်တယ်ဆိုပြီးတော့ အိမ်တွေ၊ ဈေး တွေ အဆောက်အအုံတွေ အကုန်လုံး အသိမ်းခံနေရတယ်။ အဲဒီ နိုင်ငံတော် ဆိုတဲ့ဟာကြီးကို ပြောတိုင်းပြောတိုင်းမှာ နိုင်ငံသား ပြည်သူတွေက ကိုယ်နဲ့ဘာမှ မဆိုင်သလိုဘဲ နိုင်ငံတော်ဆိုတာ သူတို့ အုပ်ချုပ်နေတဲ့ ကိစ္စပဲဆိုပြီးတော့ နေလာ ခဲ့ကြတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ တဲ့ နိုင်ငံတော်ဆိုတာဒါပါပဲ
ကျွန်တော် တို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ကမ္ဘာမှာကျော်ကြားတဲ့စကား တစ်ခွန်းရှိပါတယ်။ ““ပြင်သစ်ဘုရင် လုဝစ် တက်စစ္စတန်က I am the state နိုင်ငံ တော်ဆိုတာငါပဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါပဲ””ဟု ဆို ထားသည်။ အင်မတန်ကျော်ကြားပါ တယ်။ နောက်ဆုံးတော့ ခေါင်းဖြတ်စက် နဲ့ အသက်ခံလိုက်ရတယ်။ နိုင်ငံတော် လည်း ကိစ္စတုံးသွားတယ်။ အဲဒီ အယူ အဆဟာ အခုအချိန်ထိ အာဏာပိုင် နိုင်ငံတွေမှာ ဆက်ပြီးတော့ ရှင်သန်တုန်း ပဲရှိသေးတယ်။ အဲဒီနိုင်ငံတွေက ပြည် သူတွေဟာလည်း အဲဒီအစိုးရနဲ့ နိုင်ငံနဲ့ ကို ကွဲကွဲပြားပြား နားမလည်တော့ဘဲနဲ့ အစိုးရဆိုတာ နိုင်ငံတော်ပဲလို့ ထင်နေ ကြတယ်။ အဲဒီတုန်းက နိုင်ငံတော်ဆို တာ အက်တိုလေးတစ်ချောင်းတောင် မရှိ တဲ့ကြားထဲမှာ တုတ်တစ်ချောင်းရှိရင် အစိုးရတက်လုပ်လို့ရတယ်။ နိုင်ငံတော် အာဏာကို ရယူထားတဲ့သူဟာ ဘယ် နည်းနဲ့ပဲရရ သူ့ကိုသူ နိုင်ငံတော်ဟုသတ် မှတ်ထားတယ်
လူတစ်ဦးတစ်ယောက် အုပ်ချုပ် တာပဲဖြစ်ဖြစ်၊ လူအနည်းစု လေးငါးဆယ် ယောက်ကနေပြီးတော့ သူ့ကိုသူ နိုင်ငံ တော်လို့ ကိုယ်စားပြုပြီးတော့ လုပ်လာ ခဲ့တဲ့ဟာကို နိုင်ငံတော်အဟောင်းလို့ ကျွန်တော်တို့သတ်မှတ်လိုက်ကြပါစို့။ ဒီနေ့ ဆွေးနွေးမယ့်ခေါင်းစဉ်က နိုင်ငံတော်အသစ် ပါပဲ။ ဘယ်လောက် သစ်လဲ၊ ဘယ်လောက်သစ်ပြီလဲ ဆိုတာ ကိုတော့ ဆင်ခြင်တုံတရားနဲ့သာ သတ် မှတ်ပါ။ ဒီနေရာမှာ ကျွန်တော် ဆုံးဖြတ် ချက်မပေးပါဘူး။ သို့သော် ကျွန်တော်တို့ မျှော်လင့်တာက နိုင်ငံတော်အသစ်၊ နိုင်ငံ တော်အဟောင်းမှာက နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတဲ့ ကိုယ့်ကို ကိုယ်ရှာမတွေ့နိုင်တဲ့ အခြေအနေတစ်ခု။ အဲဒါနိုင်ငံတော်အဟောင်းပဲ။ အဲဒီတော့ ကျွန်တော်တို့က ခေါင်းစဉ် နိုင်ငံတော် အသစ်မုခ်ဦးကြီးကို ဖြောက်ထားလို့မရ ဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ဆိုတဲ့ မုခ်ဦးတွေရှိတယ်။ ခင်ဗျားတို့တွေ့တယ်။ အဲဒီအောက်က ဖြတ်သွားရင် နိုင်ငံတော်သစ်ဆီသို့ ရောက်မလားဆိုတာ မသေချာဘူး။ ကျွန် တော်လည်းမသိဘူး။ ဒါပေမဲ့ကျွန်တော် ရယ်စရာတွေးမိတယ်။ မင်္ဂလာဒုံလေဆိပ် ကိုသွားတဲ့လမ်းမှာလည်း အဲဒီမုခ်ဦးကြီး တွေတွေ့ရတယ်။
““သြော်.. နိုင်ငံတော် သစ်ဆီကိုသွားဖို့ဆိုရင် အဲဒီ လေယာဉ် ပျံကြီးနဲ့သွားမှပဲရမယ်””လို့ ကျွန်တော် ရှင်းရှင်းလေးပဲ တွေးကြည့်မိတယ်။ ကျွန် တော်တို့ နိုင်ငံတော်သစ်ကြီးဆီကို သွား ကြတော့မယ်။ ကျွန်တော်တို့လက်ရှိ နိုင်ငံ တော်မှာတာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်ကြီး တွေ၊ အကြီးအကဲတွေ အားလုံးကလည်း ပြောတယ်။ အမူအကျင့်တွေပြောင်းရ မယ်။ အတွေးအခေါ်တွေ ပြောင်းရ မယ်။ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်။ တချို့စကားရပ်တွေဆိုရင် အင်မတန် ရိုသေဖို့ကောင်းတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံးမှာ အထက်ကနေ အောက်ကို စီးဆင်းတဲ့ စ အသ ကြအအသည ပုံစံနဲ့လာခဲ့ကြတယ်။ ခေါက်ရိုးကျိုးနေကြ ပြီ။ အခုကျွန်တော်တို့သွားရမယ့် နိုင်ငံ တော်ဟာ အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးတဲ့ အကြံပြုတဲ့ပုံစံတွေကို ဖော်ထုတ်ရမယ်လို့လည်း လူကြီးတွေက ပြောတယ်။ လက်တွေ့ခံစားရတာ၊ မခံစား ရတာထက်စာရင် စကားလုံးတွေကြားရ တာနဲ့တင် ပဏာပီတိဂွမ်စီထိတယ်ဆို တာမျိုးကြားရရုံနဲ့ပဲ တော်တော်ဝမ်းသာမိ တယ်။ တကယ်ခံစားရရင်တော့ အတိုင်း တက်အလွန်ပဲပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံတော်သစ်ကို သွားကြမယ်ဆိုရင် အဓိကကျတဲ့နိုင်ငံ တော်သစ်နဲ့ နိုင်ငံတော်အဟောင်းဘာ ကွာလဲ။ တစ်ခွန်းတည်းပြောရရင် နိုင်ငံ သားတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာ တာနဲ့အမျှ နိုင်ငံတော်သစ်ကို တစ်ရွေ့ ရွေ့နဲ့ခြေလှမ်းတိုးနေပြီး ဒီထက်သာ နိုင်ငံ သားအားလုံးမှ တက်တက်ကြွကြွနဲ့ ကိုယ့် တန်ဖိုးကိုယ်သိပြီးတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတက်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့အဲဒီအခြေအနေရောက်လာပြီဆိုရင်တော့ 

 နိုင်ငံတော်သစ်အဆင့်ကို ရောက်ပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။
နိုင်ငံတိုင်းမှာ အယူအဆတွေ အများကြီးရှတယ်။ အခုချိန်ထိ ဘုရင် စနစ်အုပ်ချုပ်တာတွေရှိတယ်။ အာဏာ ပိုင်အစိုးရပုံစံမျိုးတွေ အုပ်ချုပ်နေတာတွေ ရှိတယ်။ ရွေးကောက်တင်မြှောက်ခံရ သော အာဏာရှင်အစိုးရတွေ ပုံသဏ္ဍာန် မျိုးစုံနဲ့ရှိတယ်။ ဒါလည်း အစိုးရပဲ။ ကျွန် တော်တို့လိုချင်တဲ့အစိုးရ၊ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်ဆိုတာက ပြည် သူတွေက နိုင်ငံရေးအသိပညာနိုးကြားမှု အပြည့်အ၀နဲ့ သူတို့ကိုယ်စားလှယ်တွေ ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ နိုင်ငံရေးကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်နိုင် တဲ့ အခြေအနေမျိုးကို ရောက်ရင် ကျွန် တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်အဆင့် ကိုရောက်ပြီလို့ ကျွန်တော်တို့ပြောရမယ်။

စိုးဝင်းနိုင်၊ မျိုးမင်းဇော်(Hot news weekly သတင်းဂျာနယ်)

လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ




လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ သန်လျင်မြို့နယ်၊ အမှူထမ်းရပ်ကွက်၊ မြတ်လေးလမ်းနေ မိသားစုများမှ နာဂစ်မုန်တိုင်း ပြီးကတည်း လျှပ်စစ်မီး အပြည့်အ၀ မရရှိမှုကို လိုအပ်သလို စီစစ်ဆောင်ရွက်ပေးရန် စုပေါင်း မေတ္တာရပ်ခံတင်ပြ အကြောင်းကြားခြင်းအား ( 24.09.12 ) ရက်နေ့ မှာ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနသို့ ပေး ပို့ ခဲ့ကြောင်း သိရပါတယ်။

http://feeds.feedburner.com/thithtoolwin/yIWV