Wednesday, November 28, 2012

နိုင်ငံဖွံ့ဖြိုးရေး လျှပ်စစ်ဓာတ်အား အရေးကြီး


နိုင်ငံဖွံ့ဖြိုးရေး လျှပ်စစ်ဓာတ်အား အရေးကြီး 

27.11.2012

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိရေး အရေးတကြီး ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ကပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေအားလုံးရဲ့ ၄ ပုံ တပုံပဲ လျှပ်စစ်ဓာတ်အား ရရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။

Monday, November 26, 2012

တစ်နှစ်ခွဲကျော်ကြာ ရပ်ဆိုင်း ထားရာမှ ပိုဇိုလန် စက်ရုံ ပြန်လည်ပတ်




Tuesday, 06 November 2012 07:08

တစ်နှစ်ခွဲကျော်ကြာ ရပ်ဆိုင်း ထားရာမှ ပိုဇိုလန် စက်ရုံ ပြန်လည်ပတ်

Written by  The Voice
ရန်ကုန်၊ အောက်တိုဘာ ၂၄
မကွေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း-မြင်းခြံ ကားလမ်းမ ပေါ်ရှိ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပိုင် ပိုဇိုလန် စက်ရုံကို တစ်နှစ်ကျော်ကြာ ရပ်ဆိုင်း ထားရာမှ အထက်ပေါင်းလောင်းဆည် RCT တမံဆောက် ရာတွင် ပိုဇိုလန်မှုန့် လိုအပ်ချက်ကြောင့် အောက်တိုဘာလ ပထမပတ်မှ စတင်ကာ ပြန်လည် လည်ပတ်လျက် ရှိကြောင်း ပုပ္ပားတောင် ချစ်သူများ အဖွဲ့မှဦးအောင်ဟိန်းကThe Voice Weekly သို့ ပြောကြားသည်။

Thursday, November 22, 2012

ထိုင်းနိုင်ငံမှ ၁၂၀မီဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံးအား အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံမှ ၁၂၀မီဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံးအား အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရ   PDF Print
Wednesday, 21 November 2012 20:54
AddThis Social Bookmark Button
ထိုင်းနိုင်ငံမှ ၁၂၀ မီဂါဝပ် ဂတ်စ်တာဘိုင် မီးစက်နှစ်လုံးအား မြန်မာနိုင်ငံသို့ အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့သို့ အဓိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာလ  ၂၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအအဝေးတွင် ပြောကြားချက်အရ သိရသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ပြည်တွင်းကုမ္ပဏီများသို့ စီမံကိန်း ၅၈ ခုနှင့် ပြည်ပကုမ္ပဏီများသို့ စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်း ၂၂ ခုတွင် ထပ်မံမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်


လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ပြည်တွင်းကုမ္ပဏီများသို့ စီမံကိန်း ၅၈ ခုနှင့် ပြည်ပကုမ္ပဏီများသို့ စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်း ၂၂ ခုတွင် ထပ်မံမြှုပ်နှံနိုင်ရန် ဖိတ်ခေါ် 

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ပြည်တွင်းကုမ္ပဏီများသို့ စီမံကိန်း ၅၈ ခုနှင့်ပြည်ပကုမ္ပဏီများ သို့ စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး စီမံကိန်း၂၂ ခုတွင် ထပ်မံမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်
Wednesday, 21 November 2012
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ စီမံကိန်း ၆၇ ခု ကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် စီမံကိန်း ၂၂ ခုအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ထပ်မံဖိတ်ခေါ်ထားကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် ရုံဆွေးနွေးပွဲ ရလဒ်များနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရည်မှန်းချက် ဆိုင်ရာ စာတမ်းတွင် ဖော်ပြထားသည်။

Sunday, November 11, 2012

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး လှူဒါန်း၊ ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း နွေရာသီအမီ တည်ဆောက်သွားမည်


ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး လှူဒါန်း၊ ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း နွေရာသီအမီ တည်ဆောက်သွားမည် 

From : မြ၀တီ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံအစိုးရ စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး Mr. Arak Chonlatanon ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်က လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr.Wichianchot Sukchotrat နှင့်တွေ့ ဆုံ၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းလှူဒါန်း မည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး မြန်မာနိုင်ငံ ရန်ကုန် မြို့သို့ ပြောင်းရွှေ့ တပ်ဆင်နိုင်ရေး ကိစ္စရပ် များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

Wednesday, November 7, 2012

မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် တည်ဆောက် သောက်ရေခပ်(၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်


မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် တည်ဆောက် သောက်ရေခပ်(၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်   PDF Print
Wednesday, 07 November 2012 13:58
AddThis Social Bookmark Button

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
thn-7-11-6တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရ တည်ဆောက်လျက်ရှိ သည့် စီမံကိန်းများ၊ ထပ်မံတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။