နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင်
၂၂-၉-၂၀၁၂နေ့တွင် တော်ဝင်နှင်း ဆီ၌ ၈၈ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ အသင်းအဖွဲ့ များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဟောပြောပွဲ၌ ပြောကြားခဲ့ သည့်အချက်အလက်များအား တင်ပြ လိုက်သည်။ -နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ ခဏခဏခံနေရတယ်။ နိုင်ငံတော်လုံခြုံေ ရးလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ခံနေရတာပဲ။ နိုင်ငံတော်အကြည်အညို ပျက်စေမှုဆိုရင်လည်း ကျွန်တော်တို့ခံနေ ရတာပဲ။““ဘယ်သူက နိုင်ငံတော်လို့ပြောနေ တာလဲ။ နိုင်ငံဆိုတော်ဆိုတာဘာလဲ။ အခြေခံအယူအဆတွေ ကွဲလွဲနေတာက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ရှင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဗလုံးပထွေးနဲ့ နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ချည်းပဲ ခံနေရတယ်။ အဲဒါတစ်ခုခုတော့ မှားနေြ့ပီ။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော် ဆိုတာကို ဘာသာရပ်ရှုထောင့်က အရင် ပြောမယ်။နိုင်ငံတော်ရဲ့ ကြန်အင်လက္ခ ဏာဆိုပြီးတော့ (၄)ခုကွဲသွားတယ်။ (၁) နိုင်ငံလို့ပြောရင် နယ်နမိတ်ရှိရမယ်။ ပထ၀ီဝင်နယ်နမိတ် သတ်သတ်မှတ်မှတ် တစ်ခုရှိရမယ်။ (၂) နယ်နမိတ်ထဲမှာနေ တဲ့နိုင်ငံသားတွေ၊ ပြည်သူတွေပါရမယ်။ ပြီးတော့ (၃) အဲဒီနိုင်ငံမှာ အုပ်စိုးနေတဲ့ အစိုးရပါရမယ်။ (၄) အဲဒီနိုင်ငံကနေ ကိုင်တွယ်ကျင့်သုံးနေတဲ့ အချုပ်အခြာ အာဏာဆိုတာ ပါရမယ်။ အဲဒီ (၄)ခု ပေါင်းထားတာကိုမှ လုံခြုံမှုရှိပြီးစစ်မှန်တဲ့ နိုင်ငံတော်လို့သတ်မှတ်တယ်။
ကာလများစွာကျွန်တော်တို့က နိုင်ငံ တော်ဆိုတဲ့ဟာကို ဘယ်လိုမြင်လဲဆို တော့ အစိုးရက သူတို့ကိုယ်သူတို့ နိုင်ငံ တော်လို့သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဟုတ်နိုးနိုးနဲ့ နိုင်ငံ တော်ဆိုလည်း နိုင်ငံတော်ပေါ့ဆိုပြီး နေ လာခဲ့ရတယ်။ ကျွန်တော်တို့ ပြန်ပေးပိုင် ခွင့်မရှိသလို၊ သိခွင့်လည်းမရှိဘူး။ အဲဒီ တော့ လေးလေးနက်နက် ပြန်စဉ်းစား ကြည့်ရင် အစိုးရဆိုတာ နိုင်ငံတော်မှာ အစိတ်အပိုင်း (၄)ခုပေါင်းထားတဲ့အထဲမှာ ကလေးပြောပြောရလျှင် လေးပုံပုံ တစ်ပုံ ပဲရှိတယ်။ သူတို့က အင်္ဂါရပ်တစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ဟာက နိုင်ငံပိုင် ပြုလုပ်တယ်ဆိုပြီးတော့ အိမ်တွေ၊ ဈေး တွေ အဆောက်အအုံတွေ အကုန်လုံး အသိမ်းခံနေရတယ်။ အဲဒီ နိုင်ငံတော် ဆိုတဲ့ဟာကြီးကို ပြောတိုင်းပြောတိုင်းမှာ နိုင်ငံသား ပြည်သူတွေက ကိုယ်နဲ့ဘာမှ မဆိုင်သလိုဘဲ နိုင်ငံတော်ဆိုတာ သူတို့ အုပ်ချုပ်နေတဲ့ ကိစ္စပဲဆိုပြီးတော့ နေလာ ခဲ့ကြတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ တဲ့ နိုင်ငံတော်ဆိုတာဒါပါပဲ။
ကျွန်တော် တို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ကမ္ဘာမှာကျော်ကြားတဲ့စကား တစ်ခွန်းရှိပါတယ်။ ““ပြင်သစ်ဘုရင် လုဝစ် တက်စစ္စတန်က I am the state နိုင်ငံ တော်ဆိုတာငါပဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါပဲ””ဟု ဆို ထားသည်။ အင်မတန်ကျော်ကြားပါ တယ်။ နောက်ဆုံးတော့ ခေါင်းဖြတ်စက် နဲ့ အသက်ခံလိုက်ရတယ်။ နိုင်ငံတော် လည်း ကိစ္စတုံးသွားတယ်။ အဲဒီ အယူ အဆဟာ အခုအချိန်ထိ အာဏာပိုင် နိုင်ငံတွေမှာ ဆက်ပြီးတော့ ရှင်သန်တုန်း ပဲရှိသေးတယ်။ အဲဒီနိုင်ငံတွေက ပြည် သူတွေဟာလည်း အဲဒီအစိုးရနဲ့ နိုင်ငံနဲ့ ကို ကွဲကွဲပြားပြား နားမလည်တော့ဘဲနဲ့ အစိုးရဆိုတာ နိုင်ငံတော်ပဲလို့ ထင်နေ ကြတယ်။ အဲဒီတုန်းက နိုင်ငံတော်ဆို တာ အက်တိုလေးတစ်ချောင်းတောင် မရှိ တဲ့ကြားထဲမှာ တုတ်တစ်ချောင်းရှိရင် အစိုးရတက်လုပ်လို့ရတယ်။ နိုင်ငံတော် အာဏာကို ရယူထားတဲ့သူဟာ ဘယ် နည်းနဲ့ပဲရရ သူ့ကိုသူ နိုင်ငံတော်ဟုသတ် မှတ်ထားတယ်။
လူတစ်ဦးတစ်ယောက် အုပ်ချုပ် တာပဲဖြစ်ဖြစ်၊ လူအနည်းစု လေးငါးဆယ် ယောက်ကနေပြီးတော့ သူ့ကိုသူ နိုင်ငံ တော်လို့ ကိုယ်စားပြုပြီးတော့ လုပ်လာ ခဲ့တဲ့ဟာကို နိုင်ငံတော်အဟောင်းလို့ ကျွန်တော်တို့သတ်မှတ်လိုက်ကြပါစို့။ ဒီနေ့ ဆွေးနွေးမယ့်ခေါင်းစဉ်က နိုင်ငံတော်အသစ် ပါပဲ။ ဘယ်လောက် သစ်လဲ၊ ဘယ်လောက်သစ်ပြီလဲ ဆိုတာ ကိုတော့ ဆင်ခြင်တုံတရားနဲ့သာ သတ် မှတ်ပါ။ ဒီနေရာမှာ ကျွန်တော် ဆုံးဖြတ် ချက်မပေးပါဘူး။ သို့သော် ကျွန်တော်တို့ မျှော်လင့်တာက နိုင်ငံတော်အသစ်၊ နိုင်ငံ တော်အဟောင်းမှာက နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတဲ့ ကိုယ့်ကို ကိုယ်ရှာမတွေ့နိုင်တဲ့ အခြေအနေတစ်ခု။ အဲဒါနိုင်ငံတော်အဟောင်းပဲ။ အဲဒီတော့ ကျွန်တော်တို့က ခေါင်းစဉ် နိုင်ငံတော် အသစ်မုခ်ဦးကြီးကို ဖြောက်ထားလို့မရ ဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ဆိုတဲ့ မုခ်ဦးတွေရှိတယ်။ ခင်ဗျားတို့တွေ့တယ်။ အဲဒီအောက်က ဖြတ်သွားရင် နိုင်ငံတော်သစ်ဆီသို့ ရောက်မလားဆိုတာ မသေချာဘူး။ ကျွန် တော်လည်းမသိဘူး။ ဒါပေမဲ့ကျွန်တော် ရယ်စရာတွေးမိတယ်။ မင်္ဂလာဒုံလေဆိပ် ကိုသွားတဲ့လမ်းမှာလည်း အဲဒီမုခ်ဦးကြီး တွေတွေ့ရတယ်။
““သြော်.. နိုင်ငံတော် သစ်ဆီကိုသွားဖို့ဆိုရင် အဲဒီ လေယာဉ် ပျံကြီးနဲ့သွားမှပဲရမယ်””လို့ ကျွန်တော် ရှင်းရှင်းလေးပဲ တွေးကြည့်မိတယ်။ ကျွန် တော်တို့ နိုင်ငံတော်သစ်ကြီးဆီကို သွား ကြတော့မယ်။ ကျွန်တော်တို့လက်ရှိ နိုင်ငံ တော်မှာတာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်ကြီး တွေ၊ အကြီးအကဲတွေ အားလုံးကလည်း ပြောတယ်။ အမူအကျင့်တွေပြောင်းရ မယ်။ အတွေးအခေါ်တွေ ပြောင်းရ မယ်။ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်။ တချို့စကားရပ်တွေဆိုရင် အင်မတန် ရိုသေဖို့ကောင်းတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံးမှာ အထက်ကနေ အောက်ကို စီးဆင်းတဲ့ စ အသ ကြအအသည ပုံစံနဲ့လာခဲ့ကြတယ်။ ခေါက်ရိုးကျိုးနေကြ ပြီ။ အခုကျွန်တော်တို့သွားရမယ့် နိုင်ငံ တော်ဟာ အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးတဲ့ အကြံပြုတဲ့ပုံစံတွေကို ဖော်ထုတ်ရမယ်လို့လည်း လူကြီးတွေက ပြောတယ်။ လက်တွေ့ခံစားရတာ၊ မခံစား ရတာထက်စာရင် စကားလုံးတွေကြားရ တာနဲ့တင် ပဏာပီတိဂွမ်စီထိတယ်ဆို တာမျိုးကြားရရုံနဲ့ပဲ တော်တော်ဝမ်းသာမိ တယ်။ တကယ်ခံစားရရင်တော့ အတိုင်း တက်အလွန်ပဲပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံတော်သစ်ကို သွားကြမယ်ဆိုရင် အဓိကကျတဲ့နိုင်ငံ တော်သစ်နဲ့ နိုင်ငံတော်အဟောင်းဘာ ကွာလဲ။ တစ်ခွန်းတည်းပြောရရင် နိုင်ငံ သားတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာ တာနဲ့အမျှ နိုင်ငံတော်သစ်ကို တစ်ရွေ့ ရွေ့နဲ့ခြေလှမ်းတိုးနေပြီး ဒီထက်သာ နိုင်ငံ သားအားလုံးမှ တက်တက်ကြွကြွနဲ့ ကိုယ့် တန်ဖိုးကိုယ်သိပြီးတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတက်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့အဲဒီအခြေအနေရောက်လာပြီဆိုရင်တော့
နိုင်ငံတော်သစ်အဆင့်ကို ရောက်ပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။
နိုင်ငံတိုင်းမှာ အယူအဆတွေ အများကြီးရှတယ်။ အခုချိန်ထိ ဘုရင် စနစ်အုပ်ချုပ်တာတွေရှိတယ်။ အာဏာ ပိုင်အစိုးရပုံစံမျိုးတွေ အုပ်ချုပ်နေတာတွေ ရှိတယ်။ ရွေးကောက်တင်မြှောက်ခံရ သော အာဏာရှင်အစိုးရတွေ ပုံသဏ္ဍာန် မျိုးစုံနဲ့ရှိတယ်။ ဒါလည်း အစိုးရပဲ။ ကျွန် တော်တို့လိုချင်တဲ့အစိုးရ၊ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်ဆိုတာက ပြည် သူတွေက နိုင်ငံရေးအသိပညာနိုးကြားမှု အပြည့်အ၀နဲ့ သူတို့ကိုယ်စားလှယ်တွေ ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ နိုင်ငံရေးကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်နိုင် တဲ့ အခြေအနေမျိုးကို ရောက်ရင် ကျွန် တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်အဆင့် ကိုရောက်ပြီလို့ ကျွန်တော်တို့ပြောရမယ်။
စိုးဝင်းနိုင်၊ မျိုးမင်းဇော်(Hot news weekly သတင်းဂျာနယ်)

Even if we reach breakeven financially on paper, hydro power projects have already made a huge negative impact on environment and socio-economic life of the residents in project areas. We should propose the Myanmar parliament to form a committee to study the cost-benefit analysis of all projects undertaken by SLORC and SPDC since 1989.