Friday, August 31, 2012

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး


လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး 

ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။
လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။
“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။
လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် လုပ်ငန်းသုံး တယူနစ်ကို ၇၅ ကျပ်နှုန်း
ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။
တနှစ်လျှင် တကြိမ် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ပြီး ယင်းစာချုပ်အား ပြင်လိုပါကလည်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သဘောတူညီ ခွင့်ပြုချက်ဖြင့်သာ လုပ်ရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လျှပ်စစ်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်းလို


နိုင်ငံတော်သမ္မတဦးသိန်းစိန်က လျှပ်စစ်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်းလို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တို့ကို ပေါင်းစည်း၍ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အဖြစ် တစ်ခုထဲသို့ ပြင်ဆင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ထားသည်။


http://feeds.feedburner.com/thithtoolwin/yIWV