Wednesday, September 5, 2012
လားရှိုးမြို့မဈေး မီးတာခ တိုးကောက်ပေမယ့် မီးမလာ
လားရှိုးမြို့မဈေး မီးတာခ တိုးကောက်ပေမယ့် မီးမလာ
11:59 AM
ကချင်နေ့စဉ်သတင်း
စက်တင်ဘာ (၅)လာရှိုးမြို့မဈေးကြီး ဈေးရုံကြီး ၄ ရုံမှာ ဆိုင်ခန်းတ ခန်းစီကို မီတာ ၁ လုံးကျ အခန်းတိုင်း တပ်ဆင်ပေးထားပြီး တလ ၁ ကြိမ် လျှပ်စစ်မီးအသုံးပြုခ မီတာကြေးကို သတ်မှတ်ရက်ရောက်တိုင်း ကောက်ခံပါတယ်။
မီတာနှုန်းထားကောက်ခံရာမှာ မီတာအသုံးပြုတဲ့ယူနစ်ကို မဖတ်ဘဲ ဖန်ချောင်း ၁ ချောင်း ၁၀၀၀ နှုန်းနဲ့ တပ်ဆင်ထားသောဖန်ချောင်း အရေအတွက်လိုက် ကောက်ခံပါတယ်။ ဆိုင်ရှင်ပိုင်ရှင်ဈေးသူဈေးသားတွေကလည်း လျှပ်စစ်မီတာပေးဆောင်ဖို့ ပျက်ကွက်သူ မရှိပါ။
မီတာခ
၁ လချင်း ကောက်ခံရရှိငွေ ပြည့်ပေမယ့် ဈေးခေါင်းက မီတာခ အသုံးပြုပမာဏအတွက်
သတ်မှတ်ကြေးကို EPC ရုံးကို ၁ လချင်းငွေ အကြေမပေးသွင်းဘဲ
ကြွေးကျန်ရှိနေလို့ EPC ရုံးက မြို့မဈေးကြီးတခုလုံးကို
လျှပ်စစ်မီးဖြတ်တောက်ပါတော့တယ်။
ဈေးခေါင်းရုံ
တာဝန်ရှိသူတွေက တလချင်း လျှပ်စစ်မီးအသုံးပြုခ မီတာကြေးကို အကျေမသွင်းဘဲ
မီတာကောက်ခံတဲ့ပမာဏ မလောက်လို့ဆိုပြီး ထပ်မံအပိုဆောင်းကာ အရင်လက ၁၄၀၀
ကျပ်နဲ့ ဒီလကစပြီး ၁ ထောင်ကျပ်စီပို ကောက်ခံပါတယ်။
မီတာကြေးတွေ
တိုးမြှင့်ကောက်ခံနေပေမယ့် ဩဂုတ် ၃၁ ရက်ကစပြီး စက်တင်ဘာ ၄ ရက်နေ့ အထိ EPC က
မြို့မဈေးကြီး တခုလုံးကို လျှပ်စစ်မီး ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။
ဒီကိစ္စဟာ
အခုတကြိမ်မှ ပေါ်ပေါက်တာမဟုတ်ဘဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်။
ဒါကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း လျစ်လျူပြုထာားပါတယ်။
ဈေးခေါင်းရုံး
တာဝန်ရှိသူတွေ အခုလို အများပြည်သူ့ဘဏ္ဍာကို ကောက်ခံပြီး
အလွှဲသုံးစားလုပ်တာဟာ နိုင်ငံတော်ဘဏ္ဍာကို ထိခိုက်စေတာကြောင့် သက်ဆိုင်ရာက
ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ဈေးဆိုင်ပိုင်ရှင်တဦး
DVB
Subscribe to:
Posts (Atom)

