Thursday, July 12, 2012

ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား

ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား:


    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်ရပ်ကွက် ပြည်ထောင်စုလမ်းမတလျောက် လမ်းမီးတိုင်များနှင့် လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြားအလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခနှင့် မီတာစောင့်ရှောက်ခ ကိုမူ ဒေသခံများပုံမှန်ပေးနေရကြောင်း ရှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။`` လျှပ်စစ်ဌာနလည်း အကျင့်မကောင်းဘူး၊ လမ်းမီးတောင်နေ့တိုင်း မဖွင့်ပေးဘဲ လမ်းမီးခ တစ်လ ၁၀၀ တော့ ကောက်တယ်၊ ခုဆိုရင် တစ်ညခြားတောင်မကတော့ဘူး၊ မီးမလင်းတာ ၂ ညတောင်ရှိပြီ၊ ပြီးရင်အလှည့်ကျလင်းတာ၊ ၅ တိုင်လင်း ၅ တိုင်ပျက်ဘဲ၊   ပေါက်တိုက် ရပ်ကွက်ထဲမှာ မီးတိုင် ၂၀ တောင်မရှိဘူး၊ အပေါ်ပိုင်းလင်းတဲ့ညဆို အောက်ပိုင်းက မလင်းဘူး၊ လမ်းမီးက မာကျူရီ၊ မီးချောင်းကြီးတောင်မဟုတ်ဘူး၊ မီးချောင်းကွေးလေးဘဲတပ်ထားပေးတယ် ´´ ဟုနမ့်ခမ်းဒေသခံ စိုင်းလ ကပြောသည်။


          ပေါက်တိုက်ရပ်ကွက်မှ ဟိုကတ်ရပ်ကွက်အထိ လမ်းမီးတိုင်မှ မာကျူရီမီးလုံး ၁၀ လုံးခန့်သာရှိပြီး ညနေ ၆ နာရီ မှ ည ၈ နာရီထိသာ မီးထွန်းပေးသည်ဟု ၎င်းကပြောသည်။ နမ့်ခမ်းမြို့ပေါက်တိုက် ရပ်ကွက်သည် အိမ်ခြေ ၃၅၀ ၀န်းကျင်ရှိပြီး လျှပ်စစ်ဓာတ်အားသွယ်တန်းအသုံးပြုနိုင်သော အိမ်ခြေမှာ ၃၃၀ ခန့်သာရှိသည်။ မီတာ ၁ လုံး လျင် မီတာစောင့်ရှောက်ခ ၁၀၀၀ ကျပ်နှင့် လမ်းမီးခတစ်လလျင် ၁၀၀ ကျပ်ပေးဆောင်နေရသည်။ မြန်မာ အစိုးရပိုင် ရွှေလီ မန့်တပ်ရေအားလျှပ်စစ်မှာမူ ပုံမှန်လည်ပတ်နေ   သော်လည်း ဆိုင်သုံးလျှပ်စစ်မီးခ တစ်ယူနစ် လျင် ၇၀ နှင့် အိမ်သုံးမီးခ တစ်ယူနစ် ၃၅ ဟူ၍ ထပ်မံခွဲခြားကောက်ခံနေကြောင်း မြို့ပေါ်ရပ်ကွက်နေ ဆိုင်းလိုင်းဆိုဌ်က ပြောသည်။ ဆန်ထွန်းကုန်းဆာမီး (တရုတ်မီး) သုံးသည့် နမ့်ခမ်းမြို့ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော ကွန်လုံ၊ နောင်ကောင်၊ နောင်မ၊ မန့်ဟောင်း၊ ဟိုဆိုင်း၊ မန့်နောင်၊ ဂျေဟိုင်း၊ ကုန်းဆာ၊ မန့်ကန်၊ ကောင်းဝိန်း၊ နောင်ခန်၊ နမ့်တီး၊ နမ့်မ၊ ငွမ်အင်၊ ဟိုပုံ၊ မန့်ခမ်း၊ ရပ်ကွက်များလည်း မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ကို လစဉ် ပုံမှန်ပေးနေရကြောင်း၊ ရွှေလီရေအားလျှပ်စစ်မှ မီးသုံးလိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မီးကိုသွယ်တန်း ရမည်ဟု လျှပ်စစ်ဌာနကပြော ကြောင်း ဒေသခံများကပြောပြသည်ဟုလည်း နမ့်ခမ်းမြို့ခံ နန်းအေး ကလည်း ပြောပြသည်။
       `` ကိုယ့်ကိုယ်မီးသွယ်ဆို ထရန်စမော်မာလိုတယ်လေ၊ အဲဒီအတွက် ကျပ်သိန်း ၃၀၀ လောက်ကုန်မှာ၊ နမ့်တီးရွာ နားက တောရကျောင်းလေ၊ အခုအစိုးရမီးသွယ်နေတယ်၊ တရုတ်မီးလိုချင်ရင်တော့ အိမ်တိုင်ရာ ရောက်လာတပ်ပေးတယ်၊ နောက်တစ်ခုတောင်ကြောပိုင်းမှာနေတဲ့သူတွေကြတော့ တောရဆရာတော် ဦးသူရိယ မီးသုံးတယ်၊ မီးအားမမှန်ဘူး၊ တက်လိုက်ကျလိုက်နဲ့၊ အဲလိုမျိုးပေါ့၊ ကျနော်တို့ နမ့်ခမ်းဒေသခံတွေ မီးသုံးရတာ အဆင်မပြေဘူးဖြစ်နေတယ် ´´ ဟု စိုင်းလှကဆက်ပြောပြသည်။ ယနေ့ခေတ် သူခိုးဓားပြပေါများနေသဖြင့် မိဘ ပြည်သူများ၏ အိုးအိမ်အသက်လုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်မီး ပုံမှန်ပြန်ရရန် နမ့်ခမ်းဒေသခံများ လိုအပ် နေကြောင်း နန်းအေးက ဆက်လက်ပြောပြသည်။   ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား တရုတ်က နည်းပညာနှင့် ငွေအရင်းအနှီးစိုက်ထုတ်၏။ ထွက်ရှိသည့်အကျိုးအမြတ် မြန်မာအစိုးရနှင့် ထက်ဝက်စီခွဲယူ ကြရန် သဘောတူညီထားကြ၏။ နမ့်ခမ်းမြို့နယ် မန့်တပ်ကျေးရွာအနီး ၂၀၁၂ ၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည် အတွင်းပိုင်းနှင့် တရုတ်နိုင်ငံအတွင်းသို့  ၂၃၀ နှင့် ၂၂၀ ဗို့ ကြိုးလိုင်း များဖြင့် သွယ်တန်းပို့ဆောင်နေသော်လည်း ဒေသခံများမှာ လျှပ်စစ်မီးအခက်အခဲကြုံတွေ့ နေရဆဲ ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် >>

No comments:

Post a Comment