ပြည်သူတို့ ရင်ခုန်သံ
ကျိုင်းတုံမြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းမှ သုံးယောက်ပေါင်း ၁၀တန်း မအောင် ညီအကို လုပ်ရပ်များ အရေးယူရန်- တက္ကသိုလ်ကျောင်းသားတစ်ဦး
-၁.၉.၂၀၁၂
သို့
သမ္မတကြီးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး
လေးစားအပ်ပါသော သမ္မတကြီးနှင့်တကွ ၀န်ကြီးများခင်ဗျား။
ကျွန်တော်သည် ကျိုင်းတုံမြို့မှ ပြည်သူထဲကပြည်သူတစ်ဦးဖြစ်ပါတယ်ခင်ဗျား။
အခုကျွန်တော်တင်ပြချင်တာကတော့ ကျိုင်းတုံမြို့ ၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများကို သမ္မတကြီးနှင့်တကွဝန်ကြီးများတို့အား တင်ပြလျှောက်ထားအပ်ပါတယ်။
ကျိုင်းတုံမြို့ ၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းဝန်ထမ်းများဟာ ပြည်သူလူထုကိုပေးဖို့မီးမနိုင်ဘူးလို့ လဲပြောပါတယ်။
မီးပေးတဲ့အချိန်မှာဆိုရင် တက်လိုက်မြင့်လိုက်နဲ့ လျှပ်စစ်နှင့်ပတ်သက်သော အသုံးအဆောင်များ ခဏခဏပျက်စီးမှုများ ကြုံတွေ့နေရပါတယ်။
ပြည်သူကိုတော့မီး မနိုင်ဘူးလို့ပြောပါတယ် ဒါပေမဲ့ လျှပ်စစ်ဝင်းထဲမှာဆိုရာ ဧရာမရေခဲထုတ် လုပ်စက် ကုမ္မဏီကြီး ထောင်ထား သလိုဘဲ ၀န်ထမ်းအိမ်တိုင်း ရေခဲစက် ရေခဲသေတ္ကာ အိမ်တိုင်း လေးငါးခြောက်လုံးမက ထားရှိပါတယ်။
ရေခဲစက် ထားရုံမက အပြင်က ရေခဲချောင်းလုပ်တဲ့ကိုပါ ရေခဲသေတ္တာအငှားထားခိုင်းပါတယ်။
နွေရာသီဆိုရင် တစ်မြို့လုံး ရေခဲမရနိုင်တဲ့ အချိန်မှာဆိုရင် သူတို့တတွေဆီမှာရပါတယ်။
၂၄ နာရီရေခဲမရတဲ့အချိန်ဆိုမရှိဘူး။
ဝန်းထမ်းတိုင်း မှာ ရေခဲလုပ်ငန်းတွေလုပ် အရင်းအနှီးလည်းမရှိ မီတာခလည်း မကုန်ဆိုတော့ ။ သူတိုမိသားစု တွေဟာ ကျွန်တော်တို့ အလုပ်ပုံမှန်လုပ်တဲ့လူတွေထည့် ပိုချမ်းသာပါတယ်။
ဆိုင်ကယ်ဆိုလည်းယိုးဒယား အသစ်တွေ ရွှေတွေ ငွေတွေကိုယ်စီနဲ့ ပြောင်လက်နေတာပဲ။
အဆိုဆုံးကတော့ လိုင်းမန်းညီအကိုသုံးယောက် မောင်ဌေးနိုင် ၊ မောင်ချစ်နိုင် ၊သူတို့ယောဖရခိုင်ကြီး ပေါ့ဗျာ။
သုံးယောက်ပေါင်း ၁၀တန်းအောင်ချင်မှအောင်မှာဗျာ။
သူ့တို့ညီအကိုသုံးယောက်ဟာ ကျိုင်းတုံမြို့ မှာ ရှယ်လိုင်းတစ်အားလုပ်စားတဲ့လူတွေဗျာ။
ဒါတောင် လူကြီးတွေသိရဲ့သားနဲ့သူတို့ကိုအရေးမယူနိုင်ဘူးဗျား။
သူတို့လုပ်စားတဲ့နေရာတွေ့က တကယ်ဟက်ဗီးသူးဌေးတွေ လောယိချိန်ဟိုတယ်၊ လောထဲင်းလူထမင်းဆိုင် ၊ ဟိုတယ်များ အစရှိသည့်တကယ့်ချမ်းသာတဲ့တရုတ်နောင်လိတ်ရွာအသိုင်းအ၀ိုင်းထဲက ။
လျှပ်စစ်ဝင်းထဲမှာ ဘယ်သူမှ မစီး နိုင်တဲ့ ဒီတီဆိုင်ကယ် ၊ ယိုးဒယားနောက်ဆုံးပေါ်တွေပါ။
ပြီးတော့ပြောလိုက်အုံးမယ်။ သူတို့ လူကြီးနဲ့ဘယ်လို ညှိထားလဲမသိဘူး။
မောင်ဌေးနိုင် မော်တော်ကားနဲ့ အရက်မူးပြီးယာဉ်တိုက်မှုဖြစ် လူသေဆုံး ထောင်ကျ ၀န်ထမ်းထဲကနေ လည်းမပြုတ်နိုင်။ ယခုဆက်လက်ရှိနေဆဲပါ။ အမှန်တကယ် ၀န်ထမ်းတစ်ဦးဟာ (၂၄)နာကျော်အချုပ်ခန်းထဲ ယောက်ရင် ၀န်ထမ်းထဲကပျက်ပယ်ရမှာဘဲ။
မောင်ချစ်နိုင် အပြင်မှာမီးတွေသွယ်တန်းစား ယခုခြေထောက် ကျိုးအက်သလား ၊ ယောင်ဆောင် နေသလားတော့မသိ။ သူများတွေ့တာကတော့ မီးတိုင် တက်ရင်တော့မြန်သား။
ရုံးသွားတော့ ခါးကျိုးသလို့ဒေါက်နဲ့လေးချောင်းသွားပါတယ်။
ပင်ပန်းတဲ့အလုပ်မလုပ်ချင်လို့ယောင်ဆောင်နေတယ်လို့ တစ်ချို့ ၀န်ထမ်းတွေ့ကတော့ပြောနေပါတယ်။
အမှန်တကယ် အင်္ဂါမပြည့်စုံတဲ့လူတစ်ယောက်ဟာဆိုရင် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှာ မသုံးသင့်ဘူးလို့ ထင်ပါတယ်။
သုံးမယ်ဆိုရင် အဲလိုခြေထောက်မကောင်းတဲ့ လူသုံးမယ့်အစား မိဘမဲ့အလုပ်အကိုင်မရှိတဲ့မိဘမဲ့ကျောင်းကကလေးတွေကို လေကျင့်ပြီးအသုံးပြုရင်ပိုမထိ ရောက်ဘူးလားခင်ဗျား။
သူ့တို့နှစ်ဦးရဲယောဖရခိုင်ကြီး ပိုဆိုး ၊နေရာတိုင်းမှာဆရာကြီး ၊ သူကိုသူအေအီးလိုလို၊ဒီအီးလိုလို၊ မြို့နယ်လျှပ်စစ်မှူးလိုလို နေရာတကာလိုက်ပြီးလုပ်စား၊ဟောက်စားနေပါတယ် ။
၎င်းတို့၏ မောင်ဌေးနိုင် ၊ မောင်ချစ်နိုင် ၊ ရခိုင်ကြီး စွာကျယ်စွာကျယ် မိသားစုများကို အရေးယူ ဆောင်ရွက်ပေး နိုင်ပါရန် တင်ပြလျှောက်ထားအပ်ပါသည်။
ဖြစ်နိုင်ရင်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို ပုဂ္ဂလိကကိုမြန်မြန်ကန်ထရိုက်ပေးစွဲလိုက်ပါ။ သူလိုအဆင့်မရှိတဲ့ ကောင်တွေနဲ့မတွေ့ချင်တော့ပါ။
လေးစားစွာဖြင့်=
တက္ကသိုလ်ကျောင်းသားတစ်ဦး
-------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
No comments:
Post a Comment