Wednesday, September 26, 2012

လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လေးလုံး ထပ်မံဖြည့်တင်းရန် စီစဉ်


လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လေးလုံး ထပ်မံဖြည့်တင်းရန် စီစဉ်  PDF Print
Saturday, 22 September 2012 20:26
AddThis Social Bookmark Button
သာကေတ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - အောင်ဇော်ထွန်း
ယခုနှစ် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား အခက်အခဲဖြစ်မှု နည်းပါးစေရန်အတွက် မဂ္ဂါဝပ် ၂၀၀ ရရှိနိုင်မည့်  ၅၀ မဂ္ဂါဝပ် ဂက်စ်အင်ဂျင်လေးလုံးဖြင့် ဖြည့်တင်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
'' အခုနှစ်နွေရာသီမှာတော့ ဂက်စ်အင်ဂျင်လေးလုံးက မဂ္ဂါဝပ် ၂၀၀ လောက်ရမယ်။ ရှိပြီးသား သဘာဝဓာတ်ငွေ့စက်တွေကလည်း မဂ္ဂါဝပ် ၃၀၀ လောက်ရယ်၊ ရေအားလျှပ်စစ်က ရတာနဲ့ဆိုရင် အခက်အခဲ လျော့သွားမှာပါ။ ထုတ်လုပ်မယ့် နေရာတွေကတော့ ရွာမ၊ အလုံ၊ သာကေတနဲ့ လှော်ကား စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးဆိုရင်တောင် တစ်အုပ်စုလောက်ပဲ ပျက်မှာ။ စက်မှုဇုန်တွေကတော့ ပေးနိုင်မှာပါ။ အရင်နှစ်လောက်တော့ ပြဿနာ မရှိနိုင်ပါဘူး။ ရာသီဥတုပူတော့ လျှပ်စစ်ပိုသုံးဖြစ်ကြတာပေါ့။ ဂက်စ်ရယ်၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရယ်၊ ရေအားလျှပ်စစ်စက်ရုံတွေက ရရှိမယ့် ဓာတ်အားတွေနဲ့ပေါင်းပြီးတော့ ဖြည့်ဆည်းသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်အနေဖြင့် ၂၀၁၁-၂၀၁၂ နွေရာသီတွင် မဂ္ဂါဝပ် ၈၅၀ သုံးစွဲခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မဂ္ဂါဝပ် ၁၅၅၀ သာပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းပြသနာ မကြုံတွေ့နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၅၅၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ တွင်မူ မဂ္ဂ၀ပ် ၈၅၀ အထိရှိလာခဲ့ပြီး တစ် နိုင်ငံလုံးအတွက် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၁၀၀ ခန့်၊ သဘာဝဓာတ်ငွေ့သုံး စက်များမှ မဂ္ဂါဝပ် ၄၀၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
''ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ ထုတ်လုပ်မယ့် ဂက်စ်အင်ဂျင်တွေကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ်ကျပ် ၈၀ လောက်နဲ့ ၀ယ်ရမယ်။ တစ်ယူနစ်ကို ၅၀ကျပ်လောက်နဲ့ ပြည်သူကို ဖြန့်ရမယ်။ ရေအားလျှပ်စစ်ကရရှိတဲ့ အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ချင်အောင်လည်း မင်းတို့လာတည်ဆောက်ကြပါ။ ထွက်သမျှဝယ်ပါ့မယ်ဆိုပြီးတော့ အာမခံထားရပါတယ်။ ပြည်တွင်းရော ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ် ထားပါတယ်''ဆက်လက်ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား ဖူလုံစေရန်အတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ဂက်စ်တာဘိုင်မှ မဂ္ဂါဝပ် ၅၀၀ စီ ထုတ်လုပ်မည့် ထိုင်း၊ တရုတ်နှင့် ကိုးရီးယားနိုင်ငံတို့မှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၉ ခု၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခု၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ခုတို့မှ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အား ပိုလျံရန်အတွက် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်ပြီး ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဓာတ်အားပျောက်ဆုံးမှုများ မရှိစေရန်အတွက် အရည်အသွေးပြည့်မီရန် လိုအပ်ပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၂၇၀၀၀ ကျော်ရှိကာ သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၄၀၀၀ သာရှိသည့်အတွက် သုံးစွဲနိုင်မှုပမာဏထက် ထုတ်လုပ်မှု ပိုများနေသည့်အတွက် လျှပ်စစ်ဓာတ်အား ပြသနာများ ဖြစ်ပေါ်မှုမရှိကြောင်း သိရသည်။
Comments 
+17 #3 akyabian 2012-09-25 07:38
ရန်ကုန်ုတိုင်းက နေပြီးတော့ ရန်ကုန်တိုင်းဒေသကြီး ဆိုပြီနာမည်ပြောင်းလိုက်တော့ ပိုက်ဆံတွေ ပိုကုန်လာတာပဲ အဖတ်တင်တယ်။ တတိုင်းလုံးက ဆိုင်းဗိုး (signboards) တွေအားလုံး ပြန်ရေးရတာကိုး။ ဆိုတော့ ကျန်တဲ့ တိုင်းတွေ ပေါင်းလိုက်ရင် အပိုကုန်ကျလာငွေ ဒီဟာလေး ဆိုင်းဗိုး ရေးခ ဆေးခ စသဖြင့် တွေဟာ ဘယ်လောက်များလိုက်မလဲဗျာ။ အလဟာသ အခွန်ထမ်း ပြည်သူ့တွေ့ရဲ့ ပိုက်ဆံတွေ ရေထဲမျောသွားတာပေါ့။ Stupid unnecessary cost? Just a curious!!! နောက်တခုက ဗမာပြည်မှာ လမ်းမီးသွယ်တဲ့အခါမှာ naked wires/cables တွေသုံးနေတုန်းပဲ။ ကြိုးက out of date ဖြစ်နေတဲ့အခါ သွယ်တဲ့လမ်းမှာ လျှပ်စစ် ဆုံးရှုံးမှု များတယ်လို့ဆိုတယ်။ နောက်ပြီ ဘာဖြစ်လို့ အိမ်တိုင်းမှာ မီးအားမြှင့်စက်၊ ဗို့အားထိန်းစက် စသဖြင့် ဘာမှန်းမသိတဲ့ ဟာတွေကို သုံးနေရတာလဲဗျ။ စဉ်းစားကြည့်မိတယ်....လျှပ်စစ်ဓါတ်အားကော်ပိုးရေးရှင်း ကနေပြီ အိမ်တိုင်းရာရောက် ခင်ဗျားတို့ဝယ်သုံးမဲ့ ဒီစက်တွေအစား ကုန်ကျငွေကို ကျွန်တော်တို့ စုကောက်မယ်၊ ရတဲ့ငွေနဲ့ နိုင်ငံခြားက GE က ဖြစ်ဖြစ်ပေါ့ နောက်ဆုံးပေါ်အဆင့်မီ စက်ကိရိယာ တွေဝယ်တပ်ဆင်လိုက်ရင်တောင်မှ ပိုမိုက်သွားမလားလို့။ ဒါဆို နေစဉ်ခံစားဖြတ်သန်းနေရတဲ့ မီးအားမြှင့်ရတာတို့ ဟာ မရှိတော့ဘူးလေ။ ဗမာပြည်မှာနေ နေရတဲ့သူတွေဟာ comfortable life ကို ထိုင်းတွေလို မခံစားနေရသေးဘူး။ သူများတွေက တော့ဗျာ ခံစားနေတာ ဆယ်စုနှစ်များစွာ ရှိနေပြီး။ ကျွန်တော်တို့ ကျိန်စာသင့်နေကြသလား။ ရန်ကုန်တတိုင်းလုံး ဆိုဒီစက်တွေရဲ့ စုစုပေါင်းတန်းဖိုးဟာ ဒေါ်လာ သန်းရာချီ မရှိနိုင်ဘူးလား။ ဘာတိုင်းပြည်လဲဗျ။
 
 +10 #2 yan naing myo 2012-09-23 22:37
ရေအားလျှပ်စစ်ကရရှိတဲ့ အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။

Even if we reach breakeven financially on paper, hydro power projects have already made a huge negative impact on environment and socio-economic life of the residents in project areas. We should propose the Myanmar parliament to form a committee to study the cost-benefit analysis of all projects undertaken by SLORC and SPDC since 1989.
 
+47 #1 myrpp 2012-09-22 22:17
လာမဲ့နွေမှာ မီးလုံးဝမပျက်ဖို့ ပဲ အရေးကြီးတယ် .

နွေရာသီ၌ ဓာတ်အား လုံလောက်မှု ရရှိရန် ဂျပန်နိုင်ငံမှ မီးစက် ၁၃ လုံး ကူညီ ပေးရန်ရှိ







နွေရာသီ၌ ဓာတ်အား လုံလောက်မှု ရရှိရန် ဂျပန်နိုင်ငံမှ မီးစက် ၁၃ လုံး ကူညီ ပေးရန်ရှိ  

From : MRTV4

 ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွေ ဖြစ်ပေါ်တတ်တဲ့ နွေရာသီ ကာလမှာ လျှပ်စစ် ဓာတ်အား လုံလုံ လောက်လောက် သုံးစွဲနိုင်ဖို့ အတွက် ၁ မဂ္ဂါဝပ်ထွက် မီးစက် ၁၃ လုံးကို ဂျပန်နိုင်ငံမှ ကူညီပေး သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ မီးစက် ၁၃ လုံးရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ ညီမျှ ပါတယ်။ အဆိုပါ မီးစက် များကို လာမယ့် နှစ်နွေရာသီ အမီ ဂျပန်နိုင်ငံကနေ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိ လာမယ့် မီးစက် တွေဟာ မီးစက် တစ်လုံး ကနေ ၁ မဂ္ဂါဝပ် ဖြစ်တဲ့ ဗို့အား ၄၀၀ ထွက်ရှိမှာ ဖြစ်တဲ့အတွက် လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Transformer ၁ လုံးထက် ၂ ဆနီးပါး ပိုမိုထွက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ မီးစက်တွေ ရောက်ရှိ လာရင်တော့ ရန်ကုန်တိုင်း ဒေသကြီး အတွက်သာ အသုံးပြုမှာ ဖြစ်ပြီး မီးစက်တွေ ထားရှိမှု ကိုတော့ လှော်ကား၊ သာကေတ၊ အင်းစိန်ရွာမ၊ အလုံအစ ရှိတဲ့ မြို့နယ်တွေရှိ သဘာဝ ဓါတ်ငွေ့ဓါတ်အားပေး စက်ရုံတွေမှာ အဆင်ပြေ သလို တစ်နေရာတည်း စုစည်းပြီး ထားရှိမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာပြည် အတွက် အခုလို မီးစက်များ ကူညီပေး ရခြင်းမှာ ပြီးခဲ့တဲ့ နှစ်နွေရာသီ အချိန်က လျှပ်စစ်ဓါတ်အား ထွက်ရှိမှု မလုံလောက်တဲ့ အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံတွေ့ရတဲ့ အတွက် လာမယ့်နှစ် နွေရာသီ ကာလမှာ မီးပြတ်တောက်မှု ပေါ်ပေါက်ခဲ့ပါက အရေးပေါ် သုံးစွဲနိုင်အောင် ကူညီပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Myanmar Express

Sunday, September 23, 2012

ဒဂုံမြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပိုငွေပြန်မအမ်းမှု တိုင်ကြားခံရ




ဒဂုံမြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပိုငွေပြန်မအမ်းမှု တိုင်ကြားခံရ 

စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၇ရပ်ကွက် စွမ်းအင်မှတ်တိုင်ရှိ မီတာဆောင်ရသောရုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲခများကို ပေး ဆောင်ရာ၌ ပိုငွေများကို ပြန်မအမ်းသည့်အပေါ် စက်တင်ဘာလ ၂၁ရက် (သောကြာနေ့)တွင် ရပ်ကွက်နေသူများက မြို့နယ်အုပ်ချုပ်ရေး ရုံးသို့ တိုင်ကြားမှုများ ရှိသည်။
ယင်းသို့ တိုင်ကြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ပြန်လည်စိ စစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးရုံးမှ ပြောဆိုခွင့်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ သွားရောက်ပြီး စစ်ဆေးဆောင်ရွက်ပေးပါ့မယ်။ ဒဂုံမြောက်ပိုင်းမှာက ရုံးခွဲတွေ အများကြီးရှိတာဖြစ်လို့ ဘယ်ရပ်ကွက် မှာ ရှိတဲ့ရုံးလဲဆိုတာ သေချာပြောပြရပါမယ်။ ဘယ်နေ့မှာ သွားဆောင်လို့ ဖြစ်တာလဲဆိုတာကိုလည်း ပြောပြရပါမယ်။ နာမည်လိပ်စာနဲ့ ဖော်ပြရင် ပိုကောင်းမှာပါ။ အဲဒါဆို ကျနော်တို့ ချက်ချင်းလုပ်ဆောင်ပေးမှာပါ”ဟု ပြောသည်။
ထိုနေ့တွင် မီတာခ သွားရောက်ပေးဆောင်သူ ၃၆ရပ်ကွက်မှ ဦးစောဖရပ်က “ကျနော်ရှေ့မှာ အမျိုးသမီးတစ်ယောက် မီတာရုံးက
စာရေးမလေးကို မေးနေတာတွေ့တယ်။ ပိုငွေပြန်အမ်းသလားတဲ့။ မျက်မှန်တပ်ထားတဲ့ စာရေးမက အမ်းစရာမလိုဘူးတဲ့။ အဲဒီအမျိုးသမီး က ဘာမှမပြောဘူး။ သူ့ငွေနဲ့ ဘောက်ချာစာရွက်ကို သေချာကြည့်ပြီး ပြန်သွားတာ တွေ့ရတယ်”ဟု ဆိုသည်။

ထိုကဲ့သို့ မီတာခအပိုငွေများမှာ ပမာဏ မများသော်လည်း ပုံမှန်အားဖြင့် ပြန်လည်အမ်းပေးရမည်ဖြစ်ပြီး ယခုလို ပြန်မအမ်းသည်မှာ ယခင် လများကလည်း ရှိခဲ့ကြောင်း ၎င်းလျှပ်စစ်ရုံးတွင် မီတာခ သွားရောက်ပေးဆောင်နေသူများက ပြောဆိုသည်။
“ကျနော်တို့အတွက် ပိုငွေက ဘယ်လောက်မှမများပါဘူး။ တစ်ခါတလေ ၄၅ကျပ်။ တစ်ခါတလေ ၇၀ကျပ်ပါပဲ။ ဒါပေမယ့် သူတို့စားပွဲပေါ် မှာ အကြွေ ၅ကျပ်ကအစ တင်ထားတာမို့ ပြန်အမ်းရမယ်လေ။ အကြွေမရှိဘူးဆိုရင်လည်း ရှိအောင်၊ အဆင်ပြေအောင် လုပ်ပေးရမယ့် တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်။ အကြွေပြန်အမ်းဖို့ ပြောရင်လည်း အမ်းဖို့ မလိုဘူးလို့ ပြောသေးတာ”ဟု ၃၇ရပ်ကွက်မှ ဦးမျိုးဆန်းက ပြောသည်။
မြို့နယ်လျှစ်စစ်ဌာနသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ မီတာခဆောင်သောဌာနများအတွက် ငွေအကြွေများ အဆင်ပြေစေရန် ထားရှိ ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသော်လည်း လက်တွေ့တွင်မူ ပြန်လည် အမ်းပေးခြင်းမရှိဘဲ ယခင် စစ်အစိုးရလက်ထက်အ တိုင်း လုပ်ဆောင်လျှက်ရှိသည်ဟု ဝေဖန်မှုများ ရှိနေသည်။
ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှာ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခကို ၅၀၀ကျပ်မှ ၁၀၀ကျပ်သို့ တိုးမြှင့်ဝန် ဆောင်မှု ပေးရပြီးနောက် လျှပ်စစ်မီးနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်ဌာန ဖုန်း(၀၉- ၅၁၂၆ ၁၇၂)အပြင် မြို့နယ်အုပ်ချုပ်ရေးရုံး ဖုန်း(၀၉- ၅၁၉၇ ၀၂၈)သို့လည်း တိုင်ကြားအသိပေးနိုင်ကြောင်း သိရသည်။

Saturday, September 22, 2012

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ နီးပါးလိုအပ်မည် ယခုနှစ်တွင် မဂ္ဂါဝပ် ၁၈၅၀ လိုအပ်သော်လည်း မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်



၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ နီးပါးလိုအပ်မည် ယခုနှစ်တွင် မဂ္ဂါဝပ် ၁၈၅၀ လိုအပ်သော်လည်း မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်   PDF Print
Sunday, 23 September 2012 12:33
AddThis Social Bookmark Button
၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လိုအပ်နေပြီး ၂၀၁၅ ခုနှစ် အရောက်တွင် မဂ္ဂါဝပ် ၃၀၀၀ နီးပါး လိုအပ်မည်ဖြစ်သော်လည်း ယခုနှစ်အတွက် လျှပ်စစ်ဓါတ်အား လိုအပ် ချက်ပမာဏမှာ မဂ္ဂါဝပ် ၁၈၅၀ ခန့် လိုအပ်နေကာ ထုတ်လုပ်နိုင်မှု ပမာဏမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
နှစ်အလိုက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်များမှာ ၂၀၁၀ခုနှစ်တွင် ၁၃၇၁ မဂ္ဂါဝပ်၊ ၂၀၁၁ ခုနှစ်တွင် ၁၅၈၈ မဂ္ဂါဝပ် (တိုးတက်လိုအပ်သည့်ရာခိုင် နှုန်း ၁၅ ဒသမ ၈ ရာခိုင်နှုန်း)၊ ၂၀၁၂ ခုနှစ်အတွက် ၁၈၅၀ မဂ္ဂါဝပ် (တိုးတက်လိုအပ်သည့် ရာခိုင်နှုန်း ၁၆ ဒသမ ၄၉)ရှိကာ ထုတ်လုပ်နိုင်မှုထက် သုံးစွဲမည့်ပမာဏမှာ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။
''လျပ်စစ်ဓာတ်အား ပမာဏကတော့ သုံးစွဲနိုင်မှုထက် ထုတ်လုပ်နိုင်မှု များနေဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာက ရေအားလျှပ်စစ်ကိုပဲ အခြေခံထားတဲ့အတွက် နွေရာသီဆိုရင် ရေရရှိမှုနည်းသွားတဲ့အတွက် နွေရာသီမှာ လျပ်စစ်ရရှိမှု လျော့နည်းလေ့ ရှိပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ များများရှိဖို့ လိုအပ်လာပါတယ်။ အဲဒီအတွက်လည်း ပြည်တွင်းပြည်ပက လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံမယ့်သူတွေကို ဖိတ်ခေါ်ထားပါတယ်။ နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ လျှပ်စစ်မီးပြဿနာ ဖြေရှင်းနိုင်ဖို့အတွက်ပါ''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ရေအားကရရှိနိုင်တဲ့ ပမာဏက မဂ္ဂါဝပ်တစ်သိန်းကျော်လောက် ရှိတယ်။ အခုထိတော့ မဂ္ဂါဝပ် ၂၀၀၀ ကျော်လောက်ပဲ ထုတ်နိုင်သေးတယ်။ ကျွန်တော့်ဆီက ထွက်တဲ့ သဘာဝဓာတ်ငွေ့က အကန့်အသတ် လေးတွေ ရှိနေတယ်  .  .  .
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကလည်း ''တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် လျှပ်စစ်ဓာတ်အားက မလုံလောက်သေးဘူး။ ရေအားကရရှိနိုင်တဲ့ ပမာဏက မဂ္ဂါဝပ်တစ်သိန်းကျော်လောက် ရှိတယ်။ အခုထိတော့ မဂ္ဂါဝပ် ၂၀၀၀ ကျော်လောက်ပဲ ထုတ်နိုင်သေးတယ်။ ကျွန်တော့်ဆီက ထွက်တဲ့ သဘာဝဓာတ်ငွေ့က အကန့်အသတ်လေးတွေ ရှိနေတယ်။ ၂၀၁၃ လောက်ဆိုရင် ကုဗပေသန်း ၂၀၀ လောက်ပိုရဖို့ ရှိတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို အရန်အဖြစ် သိမ်းမထားပဲ နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ရှာဖွေထုတ်လုပ်သင့်တယ်လို့ ယူဆပါတယ်။ လက်ရှိမှာလည်း ကျွန်တော်ပေးနိုင်တဲ့ပမာဏကို ဖြန့်ဖြူးပေးနေပါတယ်''ဟု ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် ပြည်တွင်း ပြည်ပက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ပုဂ္ဂလိက ကဏ္ဍကလည်း ရင်းနှီးမြှပ်နှံနိုင်ရန်အတွက် ဖိတ်ခေါ်မှုများ ဆောင်ရွက်လျက်ရှိပြီး သဘောတူညီမှုများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

Wednesday, September 12, 2012

ကျိုင်းတုံမြို့ EPC ၀န်ထမ်းများ၏အကျင့်ပျက်ခြစားမှု


ကျိုင်းတုံမြို့ EPC ၀န်ထမ်းများ၏အကျင့်ပျက်ခြစားမှု 

http://feeds.feedburner.com/thithtoolwin/yIWV