| လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လေးလုံး ထပ်မံဖြည့်တင်းရန် စီစဉ် |
|
|
| Saturday, 22 September 2012 20:26 |
|
သာကေတ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - အောင်ဇော်ထွန်း
'' အခုနှစ်နွေရာသီမှာတော့ ဂက်စ်အင်ဂျင်လေးလုံးက မဂ္ဂါဝပ် ၂၀၀ လောက်ရမယ်။ ရှိပြီးသား သဘာဝဓာတ်ငွေ့စက်တွေကလည်း မဂ္ဂါဝပ် ၃၀၀ လောက်ရယ်၊ ရေအားလျှပ်စစ်က ရတာနဲ့ဆိုရင် အခက်အခဲ လျော့သွားမှာပါ။ ထုတ်လုပ်မယ့် နေရာတွေကတော့ ရွာမ၊ အလုံ၊ သာကေတနဲ့ လှော်ကား စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးဆိုရင်တောင် တစ်အုပ်စုလောက်ပဲ ပျက်မှာ။ စက်မှုဇုန်တွေကတော့ ပေးနိုင်မှာပါ။ အရင်နှစ်လောက်တော့ ပြဿနာ မရှိနိုင်ပါဘူး။ ရာသီဥတုပူတော့ လျှပ်စစ်ပိုသုံးဖြစ်ကြတာပေါ့။ ဂက်စ်ရယ်၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရယ်၊ ရေအားလျှပ်စစ်စက်ရုံတွေက ရရှိမယ့် ဓာတ်အားတွေနဲ့ပေါင်းပြီးတော့ ဖြည့်ဆည်းသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော်အနေဖြင့် ၂၀၁၁-၂၀၁၂ နွေရာသီတွင် မဂ္ဂါဝပ် ၈၅၀ သုံးစွဲခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မဂ္ဂါဝပ် ၁၅၅၀ သာပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းပြသနာ မကြုံတွေ့နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၅၅၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ တွင်မူ မဂ္ဂ၀ပ် ၈၅၀ အထိရှိလာခဲ့ပြီး တစ် နိုင်ငံလုံးအတွက် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၁၀၀ ခန့်၊ သဘာဝဓာတ်ငွေ့သုံး စက်များမှ မဂ္ဂါဝပ် ၄၀၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။ ''ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ ထုတ်လုပ်မယ့် ဂက်စ်အင်ဂျင်တွေကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ်ကျပ် ၈၀ လောက်နဲ့ ၀ယ်ရမယ်။ တစ်ယူနစ်ကို ၅၀ကျပ်လောက်နဲ့ ပြည်သူကို ဖြန့်ရမယ်။ ရေအားလျှပ်စစ်ကရရှိတဲ့ အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ချင်အောင်လည်း မင်းတို့လာတည်ဆောက်ကြပါ။ ထွက်သမျှဝယ်ပါ့မယ်ဆိုပြီးတော့ အာမခံထားရပါတယ်။ ပြည်တွင်းရော ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ် ထားပါတယ်''ဆက်လက်ပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အား ဖူလုံစေရန်အတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ဂက်စ်တာဘိုင်မှ မဂ္ဂါဝပ် ၅၀၀ စီ ထုတ်လုပ်မည့် ထိုင်း၊ တရုတ်နှင့် ကိုးရီးယားနိုင်ငံတို့မှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၉ ခု၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခု၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ခုတို့မှ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ လျှပ်စစ်ဓါတ်အား ပိုလျံရန်အတွက် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်ပြီး ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဓာတ်အားပျောက်ဆုံးမှုများ မရှိစေရန်အတွက် အရည်အသွေးပြည့်မီရန် လိုအပ်ပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၂၇၀၀၀ ကျော်ရှိကာ သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၄၀၀၀ သာရှိသည့်အတွက် သုံးစွဲနိုင်မှုပမာဏထက် ထုတ်လုပ်မှု ပိုများနေသည့်အတွက် လျှပ်စစ်ဓာတ်အား ပြသနာများ ဖြစ်ပေါ်မှုမရှိကြောင်း သိရသည်။ |
Even if we reach breakeven financially on paper, hydro power projects have already made a huge negative impact on environment and socio-economic life of the residents in project areas. We should propose the Myanmar parliament to form a committee to study the cost-benefit analysis of all projects undertaken by SLORC and SPDC since 1989.