ဘီလူးချောင်း(၃) ရေအား လျှပ်စစ် လာမည့်နှစ် အပြီး ပုဂ္ဂလိက တည်ဆောက်မည်
- 01 October 2012 |
- By Popular News
မဂ္ဂါဝပ် ၅ဝ ဝန်းကျင်ထုတ် ပေးနိုင်မည့် အဆိုပါ စီမံကိန်းသည် ကယားပြည်နယ် လွိုင်ကော်မြို့ အရှေ့ဘက် ၂၅ကီလိုမီတာ အကွာတွင် တည်ရှိပြီး ၁ဝဝ ရာခိုင်နှုန်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အား များကို ပြည်တွင်း သုံးစွဲမှု အတွက်သာ ဖြန့်ဖြူးသွား မည်ဖြစ် ကြောင်း စီမံကိန်းကို လုပ်ကိုင်ခွင့် ရသည့် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
”စီမံကိန်းပြီးရင် အစိုးရရဲ့ လျှပ်စစ် ဓာတ်အားထဲကိုပဲ ထည့်ရမှာ၊ အစိုးရကမှ ပြည်သူတွေကို ပြန်ပြီးဖြန့်ဖြူး ပေးမှာပေါ့၊ အစိုးရ ဖြန့်ချိပေးတဲ့ ဈေးနှုန်းနဲ့ပဲ အကျိုးအမြတ် ရမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်း (၁) နှင့် (၂) ကိုမူ အစိုးရက လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်နေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment