ကြည့်မြင်တိုင် လျှပ်စစ်ဖြန့် ဖြူးခွင့် Diamond Star ကုမ္ပဏီရရှိ
ကြည့်မြင်တိုင် လျှပ်စစ်ဖြန့် ဖြူးခွင့် Diamond Star ကုမ္ပဏီရရှိ
-
02 October 2012 |
-
By The Voice Journal
လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနက ရန်ကုန်မြို့ရှိမြို့နယ်အချို့မှ လျှပ်စစ်
ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုရေးအတွက် ယခု
နှစ် ဩဂုတ်လတွင်းကစတင်ဖိတ်ခေါ်ခဲ့ ပြီး ပြည်တွင်းကုမ္ပဏီများကို လုပ်ကိုင်
ခွင့်ပြုမည့်မြို့နယ်များမှာ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အင်းစိန်၊
မရမ်းကုန်း၊ လှိုင်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်အစရှိသည့် မြို့နယ်များဖြစ်ကြောင်းဘ ၄င်းကဆက်လက်ပြောကြားသည်။
"Diamond Star ကုမ္ပဏီရဲ့ Capital Development Co.Ltd. က
ကြည့်မြင်တိုင်မှာလုပ်ကိုင်ခွင့် ရပါတယ်။ အဲဒီအတွက် သမ္မတရုံးတင်
လို့ခွင့်ပြုချက်ကျရင် လုပ်တော့မှာပါ" ဟု ၄င်းကဆိုသည်။ လက်ရှိတွင်
ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင်
လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ခွင့်ရရန် လျှောက်ထားမှုများရှိပြီး
ယင်းကုမ္ပဏီများ အနေနှင့် ဓာတ်အားဝယ်ယူရေးနှင့် ဖြန့်ဖြူး ရေးအပိုင်းများကို
ဌာနနှင့် အသေးစိတ် ညှိနှိုင်းလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်
အားဖြန့်ဖြူးရာတွင် အိမ်သုံးမီတာ တစ် ယူနစ် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမီတာ
၇၅ ကျပ်နှုန်းသာ ကောက်ခံသွားရမည် ဖြစ်ကြောင်း၊ ၄င်းကလက်ရှိကုမ္ပဏီများမှ
လုပ်ကိုင်ခွင့်လျှောက်ထားမှုအခြေအနေ နှင့် ကုမ္ပဏီများလုပ်ကိုင်ခွင့်ရပါက
ကောက်ခံမည့်မီတာယူနစ် ဈေးနှုန်းများ နှင့်ပတ်သက်၍ ပြောကြားသည်။ Capital
Development Co.Ltd. မိခင်ဌာနဖြစ်သော Diamond Star Company Limited မှ
စီမံရေးရာဌာန မန်နေဂျာဖြစ်သူက ၄င်းတို့ကုမ္ပဏီများ အနေနှင့်
လျှပ်စစ်ဖြန့်ဖြူးရေးပိုင်းတာ ဝန်ယူရမှာဖြစ်ပြီး ဓာတ်အားလေလွင့်မှု
မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အားအပြည့် အဝရစေရန် ဆောင်ရွက်ပေးရမည်ဖြစ်
ကြောင်း The Voice Weekly သို့ပြော ကြားသည်။ "အခုကိစ္စက စမ်းသပ်လုပ်ကိုင်တဲ့
သဘောပါ။ ဝန်ကြီးဌာနအနေနဲ့ကလည်း ဒါကိုစမ်းသပ်ကြည့်တာ။ ကုမ္ပဏီတွေ ကလည်း
စမ်းလုပ်တာ"ဟု ယင်းလျှပ်စစ် ဖြန့်ဖြူးရေးပိုင်းကို ပုဂ္ဂလိကသို့ပေးအပ်မှု
အခြေအနေကိုပြောဆိုသည်။ ရန်ကုန်မြို့တော်တွင်း အဆိုပါ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအပိုင်း အတွက် ပုဂ္ဂလိကကုမ္ပဏီငါးခုလုပ်ကိုင်
ဆောင်ရွက်ရန်ရှိပြီး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ မကြာမီရေးထိုးရန်
ရှိပြီး ယင်းကုမ္ပဏီများ၏အမည်ကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
အင်ဂျင် နီယာချုပ်က ပြောကြားခြင်းမရှိပေ။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး
အပိုင်းကိုလုပ်ကိုင်မည့် ပုဂ္ဂလိကကုမ္ပဏီ များသည် လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း၊
လျှပ်စစ်ဓာတ်အား ရောင်းချခြင်း၊ မီတာ ငွေကောက်ခံခြင်း အစရှိသော ဖြန့်ဖြူး
ရေးပိုင်းနှင့်သက်ဆိုင်သည်များကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း ၄င်းကဆက်လက်
ရှင်းပြသည်။ ယခုကဲ့သို့ ရန်ကုန်မြို့ရှိမြို့နယ် အချို့မှ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင် ပုဂ္ဂလိကကလုပ်ကိုင်ဆောင်ရွက်
ခွင့်စီစဉ်သကဲ့သို့ မန္တလေးတိုင်းဒေသ ကြီးရှိ မြို့နယ်အချို့မှ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီများကို
လုပ်ကိုင်ခွင့်ပေးလျက်ရှိ ကြောင်း ၄င်းထံကစုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင်
ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသ ကြီးတို့တွင်
လျှပ်စစ်သုံးစွဲမှုပမာဏ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တွင်
၂၀၁၂-၂၀၁၃ ခုနှစ်၌ မဂ္ဂါဝပ် ၉၀ဝ နီးပါးသုံးစွဲလျက်ရှိကြောင်း ရန်ကုန်တိုင်း
ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့စာရင်းအရ သိရသည်။
No comments:
Post a Comment