ထိုင်းနိုင်ငံမှ ၁၂၀ မီဂါဝပ် ဂတ်စ်တာဘိုင် မီးစက်နှစ်လုံးအား
မြန်မာနိုင်ငံသို့ အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့သို့
အဓိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်
စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာလ ၂၀
ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအအဝေးတွင်
ပြောကြားချက်အရ သိရသည်။
အဆိုပါစက်များအား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမတွင်
တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စက်နှစ်လုံး၏ တစ်နေ့တာမောင်းနှင်ရန်အတွက် သဘာဝ
ဓာတ်ငွေ့ကုဗပေ ၈၀ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၉၅
ခုနှစ်က တည်ဆောက်ခဲ့သော်လည်း အရန်ဓာတ်အားပေးစက်အဖြစ် သာ
အသုံးပြုထားသည့်စက်ဖြစ်ကြောင်း၊ စက်အသုံးပြုနိုင်သည့် သက်တမ်းမှာ
နှစ်သုံးဆယ်ခန့်ဖြစ်ပြီး လက်ရှိအထိ ၁၇ နှစ်အတွင်း မောင်းချိန် ၁၄၄၀၀နာရီ
၁.၈၂ နှစ်ခန့်သာ အသုံးပြုထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်ထပ် ၂၈
နှစ် ခန့် မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ကာ ဓာတ်အား ၂၄၀ မီဂါဝပ်
ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်နှစ်လုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့်ရှိပြီး
Mitsubishi M701D ဒီဇယ်ဆီဖြင့် မောင်းနှင်ရသောစက်အမျိုး အစားဖြစ်ကာ
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုမည် ဖြစ်သောကြောင့်
ပြန်လည်ပြင်ဆင် အသုံးပြုရမည်ဖြစ်သည်။
ယင်းစက်နှစ်လုံးအား ထိုင်းနိုင်ငံမှ အခမဲ့ကူညီမည်ဖြစ်သော်လည်း
ရန်ကုန်ဆိပ်ကမ်းမှ စက်တပ်ဆင်မည့် နေရာသို့ သယ်ယူစရိတ်နှင့်
စက်တပ်ဆင်ကုန်ကျစရိတ်ကိုမူ မြန်မာအစိုးရကသာ ကျခံရမည်ဖြစ်ကြောင့်
သယ်ယူတပ်ဆင်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၃.၁၆၂ သန်းနှင့် မြန်မာကျပ်သန်း ၁၃၀၀
အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားမှုကို လွှတ်တော်မှ အတည်ပြုပေးပါရန်
တင်ပြထားခြင်းလည်းဖြစ်သည်။
လွှတ်တော်မှ ကုန်ကျစရိတ်များအား အတည်ပြုပေးပါက ထိုင်းနိုင်ငံ STFE
ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပထမအရစ် ငွေစတင်ပေးချိန်မှစ၍ ခြောက်လ
အတွင်း ပထမစက်တစ်လုံးကိုလည်းကောင်း၊ နောက်ထပ်နှစ်လအတွင်း
ဒုတိယစက်တစ်လုံးကိုလည်းကောင်း အပြီးတပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း
သိရသည်။ |
“ထိုင်းနိုင်ငံက အခမဲ့လှူမယ်တဲ့ အမျိုးအစားက မီဆူဘစ်ရှီ M 701 D ဂတ်စ်ကာဗိုင် ၂လုံးတဲ့ တစ်လုံးကို အမေရိကန်ဒေါ်လာ ၁၂၅သန်း တန်တယ်တဲ့ နှစ်လုံးဆိုတော့ ဒေါ်လာ သန်း၂၅၀ ပေါ့ ပြောင်းရွှေ့စရိတ်ကတော့ မြန်မာဘက်က အကုန်ခံရမယ် ဒါပေမဲ့ သူတို့ဘက်က ရံပုံငွေအနေနဲ့ အမေရိကန်(၄၃.၁၆၂) သန်းရယ်ကျပ်သန်း (၁၃၀၀) ရယ် လှူထားတယ်” ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ရေကြောင်းအားဖြင့် မိုင်(၁၇၀၀)ရှိပြီး အဆိုပါ မီဆူဘစ်ရှီ 701 D ဂတ်စ်ကာဗိုင် ၂လုံး ကို သီလ၀ါဆိပ်ကမ်းမှ အင်းစိန်ရွာမစက်ရုံသို့ သယ်ယူမည်ဖြစ်ပြီး မည်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ် အတွက် အသုံးချသွားမည်ကိုတော့ မသိရှိရသေးကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
https://www.facebook.com/photo.php?fbid=222381621228203&set=a.157677497698616.35182.100003690999414&type=1&theater
ဖေ့စ်ဘွတ်ကတော့တရားဝင်သတင်းမဟုတ်ပါဘူး။ဒါပေမယ့်
နဲနဲကွဲလွဲနေတာလေးတွေပါ ဘယ်ဟာအမှန်လဲ EMG ရေလုပ်ပါဦးဗျာ
Please see below
http://www.mhi.co.jp/power/news/sec1/pdf/2006_nov_12.pdf
https://www.mhi.co.jp/technology/review/pdf/e444/e444002.pdf
http://www.mhi.co.jp/en/products/energy_index.html
သဘောရိုးနဲ့ကူကူ တရုတ်ကြီးလို အကျိုးမျှော်ပြီးကူကူ ကူညီကြလို့ ၀မ်းသာပါတယ်....
ဒါပေမယ့်... ဘာမဟုတ်တဲ့ အိမ်နီးချင်းတွေရဲ့ အသနားခံဘ၀ကို ရောက်နေတဲ့ အမိမြန်မာနိုင်ငံအတွက် ၀မ်းနည်းမိပါရဲ့....
လွှတ်တော်မှ ကုန်ကျစရိတ်များအား အတည်ပြုပေးပါက ထိုင်းနိုင်ငံ STFE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပထမအရစ် ငွေစတင်ပေးချိန်မှစ၍ ခြောက်လ အတွင်း ပထမစက်တစ်လုံးကိုလည်းကောင်း၊ နောက်ထပ်နှစ်လအတွင်း ဒုတိယစက်တစ်လုံးကိုလည်းကောင်း အပြီးတပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Too expansive for used item!
Used item is not new!
Don't expect too much from other country especially from south east asia countries!
I really don't know yet the price, but the government must put agreement with STFE company how many WARRANTY year, 30 years? 50 years?
If not, please buy new one from GE.
မှန်ပါတယ် ကိုရွှေ။ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည်ကို ချစ်လို့ တိုးတက်စေလို၊ မျက်နှာမငယ်စေလိုတဲ့ စိတ်ရင်းစေတနာကောင်းနဲ့ ပြောနေ၊ ရေးနေကြတာပါ။ တိုင်းပြည်ကိုနစ်နာစေလိုတဲ့ စိတ် အလျှင်းမရှိကြပါဘူး။
ဝန်တိုရအောင်လဲ ကိုယ့်မှာရှိတာ ဘာမှပေးလိုက်ရတာလဲ မဟုတ်ပါ (အဲ လေနဲ့အချိန်နဲနဲ ဖြစ်ချင်ဖြစ်မယ်)။
အမြင်မတူတာတော့ တခါတလေ ရှိကြမှာပါ။ လက်ကို တဖက်ကကြည့်ရင် လက်ဖမိုးဖြစ်ပေမဲ့ တဖက်ကကြည့်ရင် လက်ဖဝါးဖြစ်သလိုပေါ့။ တအူထုံ့ဆင်း ညီရင်းအကိုများလဲ အမြင်မတူတာတွေ ရှိတတ်ပါတယ်။
ကိုယ်နဲ့အမြင်မတူတာနဲ့ပဲ မယဉ်ကျေးဘူး၊ ဘာသာတရားအဆုံးအမလိုက်နာမှုမရှိဘူးလို့ ထင်တာကတော့ အခြေအမြစ် ကြောင်းကျိုးမခိုင်လုံတဲ့အပြင် သဘောထားသေးသိမ်ရာကျပါတယ်ဗျာ။
နောက် ဘာသာတရားနဲ့လဲ ဘာမှမဆိုင်ပါဘူး။ အဲ ဆိုင်တာပြောရရင်တော့ ကျနော်တို့ဗုဒ္ဓ ဘာသာကိုက ကာလာမသုတ်အရ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ပေးထားတာ မဟုတ်လားဗျာ။
သတင်းဖတ်သူများ သတင်းနဲ့မဆိုင်လို့ စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျား။
လေးစားလျက်
It is not Diesel Engine Turbine. Mitsubishi 701D was produced in 1980s as Gas Turbine.
See below link.
https://www.mhi.co.jp/technology/review/pdf/e444/e444002.pdf
Transportataion & Installation cost US$ 43.162 Million + 1300 Million Kyat is too much.
Ko Kyaw - Butlin
မနာလိုဝန်တိုစိတ်နဲ့ ဝေဖန်ခြင်းလုံးဝမဟုတ်ပါ
စက်ဆိုတာအသုံးပြုရင်ပျက်တတ်တဲ့သဘာဝရှိသဖြင့်
ပြုပြင်ထိန်းသိမ်းစားရိတ်ထဲ့သွင်းတွက်ချက်ရပါသည်
အိုဟောင်းနေသောစက်များအတွက် Spare parts များအစားထိုးရန်လိုသည့်အခါ
အဆင့်သင့်မရှိလျှင်သီးခြားမှာရသဖြင့်မူလစက်ရောင်းသည့် company မှသီးသန့်ထုတ်လုပ်ရသဖြင့်ပုံမှန်ထက်ပိုမိုတောင်းခံခြင်း
Spare parts ထုတ်လုပ်သည့်ကာလစောင့်ရသဖြင့်စောင့်ဆိုင်းကာလအတွင်းစက်မလည်ပတ်နိုင်လျှင်
ဓါတ်အားမဖြန့်ဖျူးနိုင်သည့်ဆုံးရှုံးမှုအဆရှိသည်များထဲ့သွင်းစဉ်းစားတွက်ချက်ရပါသည်
ဤသတင်းအရမူလဒီဇယ်စက်မှဂက်တာဘိုင်အဖြစ် modify ပြုပြင်ပြောင်းလဲပြီး မှသုံးမည်ဟုပါပါသည်
ပြုပြင်ပြောင်းလဲပြီးသုံးသည်ကုန်ကျစားရိတ်နှင့်ဤသို့ပြင်ပြောင်းလဲပြီး အသုံးပြုသည့်အတွက်
စက်၏စွမ်းဆောင်ရည်မည်မျှလျှော့ကျသွားမည်
ကုန်ကျစားရိတ်နှင့်ထွက်ရှိမည့်ဓါတ်အားပမာဏ cost effective ဖြစ်မဖြစ် တန်မတန်
ထဲ့သွင်းစဉ်းစားတွက်ချက်ရပါမည်
အလွယ်ကူဆှံးဥပမာပြရလျှင်
မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့၊ကျင့်သုံးလျှက်ရှိသော
Taxi and bus gas converted cars များဂက်engineပြုပြင်ခသည့် gas car တင်သွင်းသည်ထက်ပိုမိုကုန်ကျခဲ့တာဥပမာယူနိုင်ပါသည်
ဝေဖန်အကြံပြုခွင့်ရှိလာခြင်းခြင်း
လက်ရှိအစိုးရမှဝေဖန်အကြံပြုချက်များလက်ခံစဉ်းစားပြီပြုပြင်ပြောင်းလဲဆောင်ရွက်ချက်များတွေ့မြင်လာရသဖြင့် အားတက်ပြီး
မိမိတို့အမြင်တင်ပြခြင်းဖြစ်ပါသည်
COPY ပါ
Why we need to receive such kind of old and used turbines from other country? We do not need to spend our valuable state budget for Thai’s rubbish at all to avoid unnecessary costs. We can use the budget in other necessary areas effectively. Ministry of Electric Power should consider the maintenance, transportation and other charges for the turbines.
အဆိုးမြင်နဲ့ ပြောရရင် သူများနိုင်ငံက သုံးပြီးသား စက်အဟောင်းကြီးကို ပြင်ဆင်ပြီး သုံးရမှာ နိုင်ငံ သိက္ခာကျတယ် ထင်ပါတယ်။ သယ်ရတဲ့ ကုန်ကျစရိတ်ကလဲ ဆင်ဖိုးထက် ချွန်းဖိုးပိုကုန်သလို ဖြစ်နေပါတယ်။ (သယ်တဲ့ကောင်တွေ ဂွင်ဖန်သလားတော့ မသိပါ)
ရွဲ့ပြီးပြောရရင် နေပူတော်ကြီးကို ဘီလီယံပေါင်းများစွာ အကုန်ခံပြီး တည်ခဲ့ကြသူများက ဒီစက်လေးနှစ်လုံးအသစ်ဝယ်ဖို့အတွက် အကုန်မခံနိုင်တော့ဘူးလား။
လက်ရှိအနေအထားနဲ့ပြောရရင် အမေရိကန်၊ ဂျပန်စသဖြင့် ကူညီချင်တဲ့ နိုင်ငံတွေ ဝိုင်းဝိုင်းလည်နေပါပြီ။ ထိုနိုင်ငံများကကူညီလျှင် စက်သစ်ကြီးများကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးမှာပါ။
ဒါကြောင့် လွှတ်တော်မှာလဲ အငြင်းပွါးမဲ့ အနေအထားပါ။ အစီအစဉ်ကို သဘောမတူပြန်ရင်လဲ ပြည်သူ့အကျိုးမကြည့်ဘူးလို့ အပြောခံရနိုင်တယ်လို့ မြင်မိကြောင်းပါ။
သာဓု ၃ ကြိမ်ခေါ်ပါတယ်။အတိတ်က
ကိုယ့်နိုင်ငံကိုယ့်ဘုရင်ကိုတိုက်ခိုက်ရန်ပြုခဲ့တဲ့ နိုင်ငံကိုများ ပြန်ကူညီနိုင်တဲ့စိတ်ထားဟာရှာမှရှားပဲ။ သာဓု သာဓု သာဓု
အလကား ရတိုင်း ယူတာ မကောင်းပါဘူး။ အကျိုးအမြတ်ကို ချိန်ထိုးသင့်ပါတယ်။ မဟုတ်ရင် ထိုင်းကနေ ရန်ကုန်မှာ အမှိုက်လာပစ်တာကို ကျေးဇူးတောင် တင်ပေးလိုက်ရတယ်လို့ အများအမြင်မှာ ဖြစ်သွားစေနိုင်ပါတယ်။
နှစ်ခါကုန် ဖြစ်တတ်ပါတယ်....
ဒီအကြောင်းပြပြီး မီတာခ တိုးတောင်းတာမျိုးလည်း မလုပ်စေချင်ပါ..
ဒါတောင်ရန်ကုန်ဆိပ်ကမ်း ကနေ တပ်ဆင်မဲ့ နေရာထိ့ ပဲ သယ်စရိတ်ခံရမှာနော် ။ လွတ်တော် ရေ သေချာ စစ်ဥိးဟ ။။